DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး ဗြိတိန်စွက်ဖက်မည် မဟုတ်
DVB
·
January 30, 2014
ရခိုင်အရေး ဗြိတိန်စွက်ဖက်မည် မဟုတ်
Donate to DVB

ရခိုင်အရေးကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ဖြစ်လို့ ဗြိတိန်နိုင်ငံအနေနဲ့ ၀င်ရောက် စွက်ဖက်မှာ မဟုတ်ဘူးလို့ ဗြိတိန်နိုင်ငံရဲ့ အာရှဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး ဟူဂို ဆွတ်ရ် (Hugo Swire) က ပြောဆိုလိုက်ပါတယ်။

ဗြိတိသျှသံရုံးမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံ မေးမြန်းစဉ် ရခိုင်အရေးနဲ့ ပက်သက်လို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဒုတိယ၀န်ကြီးက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Hugo Swireရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းနည်းကို ဗြိတိသျှအစိုးရအနေနဲ့ လုပ်ဆောင်သွားဖို့ ရှိပါသလား ဆိုတဲ့ မေးခွန်းအပေါ်မှာ ပြန်လည် ဖြေကြားလိုက်တာပါ။

“ဗြိတိသျှအစိုးရဟာ ဆိုလို့ရှိရင် ကချင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည်အရေးကိစ္စ တခြား မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု နဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းတွေမှာပါ အကြီးဆုံးအလှူရှင်အဖြစ် ဂုဏ်ယူစွာ ပါဝင်ဆောင်ရွက်နေတာပါ ထောက်ပံပေးတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ ရှိနေတဲ့ကိစ္စတွေ ဖြေရှင်းရမယ့်တာဝန်ကတော့ ဒီနိုင်ငံမှာ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန် ဖြစ်ပါတယ်။ သူတို့သာ လုပ်ဆောင်ရမှာပါ။ ဗြိတိသျှ အစိုးရအနေနဲ့ ဒီအရေးမှာ ဘာမှဝင်ပါစရာ အကြောင်းမရှိပါဘူး။”

ရခိုင်အရေး စုံစမ်းစစ်ဆေးရေးကော်မတီကိုတော့ ယုံကြည်ထိုက်သူတွေ ပါဝင် ဖွဲ့စည်းထားတဲ့ ကော်မရှင်သာ ဖြစ်သင့်တယ်လို့လည်း သူကပြောပါတယ်။

“ကျနော်တို့ စုံစမ်းစစ်ဆေးရေးကိစ္စနဲ့ ပတ်သက်နေပါတယ်။ စုံစမ်းစစ်ဆေးရေးကို သူတို့ ပြုလုပ်နေကြပါပြီ။ ပထမတုန်းကတော့ သူတို့ ဘာမှမဖြစ်ခဲ့ဘူးလို့ ဆိုတယ်။ ပြီးတော့အခါ စုံစမ်းစစ်ဆေးရေး လုပ်မယ်ဆိုတော့ ဒါဖြစ်ခဲ့လို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးရေး လုပ်မယ်ဆိုတာတော့ ဝမ်းသာစရာပေါ့။ သို့သော်လည်း အဲဒီထဲမှာ ဘယ်သူတွေပါလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် တဖက်တည်းပဲ ပါနေမယ်ဆိုရင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းရဲ့ ယုံကြည့်မှုဟာ သံသယဖြစ်ဖွယ် ဖြစ်လာပါမယ်။ ဒါကြောင့် ကျယ်ပြန့်တဲ့ အသိုင်းအဝိုင်း ပါရှိ၊ မပါရှိဆိုတာ ကျနော်တို့ စောင့်ကြည့်ရပါမယ်။”

ရခိုင်အသိုင်းအဝိုင်း ခေါင်းဆောင်တွေအနေနဲ့လည်း ဒီအခြေအနေကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းကြဖို့လည်း တိုက်တွန်းသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013