DVB Logo
Home
Lead Story
လျှပ်စစ်ဝန်ကြီးဌာန အေဒီဘီရဲ့ ချေးငွေ ဒေါ်လာသန်း ၆၀ လက်ခံ
DVB
·
January 30, 2014
လျှပ်စစ်ဝန်ကြီးဌာန အေဒီဘီရဲ့ ချေးငွေ ဒေါ်လာသန်း ၆၀ လက်ခံ
Donate to DVB

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့က နေပြည်တော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရုံးမှာ လျှပ်စစ် ဓာတ်အားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က မြန်မာအစိုးရ ကို ချေးငွေ ဒေါ်လာသန်း ၆၀ ပေးအပ်တဲ့ လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့တယ်လို့ နေပြည်တော် လျှပ်စစ်ဝန်ကြီးဌာနရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

Electric-300x210လျှပ်စစ်ဝန်ကြီးဌာနဟာ ဒီချေးငွေကို အသုံးပြုပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေး တိုင်းတွေမှာ ထရန်စဖော်မာအသစ် တပ်ဆင်ဖို့၊ ဟောင်းနွမ်းနေတဲ့ ဓာတ်ကြိုးတွေကို အသစ် လဲလှယ်ဖို့နဲ့ ဒီဂျစ်တယ်မီတာတွေ အစားထိုးရာမှာ သုံးစွဲမယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက်ခြင်းအားဖြင့် ပျောက်ဆုံးနေတဲ့ ဓာတ်အား တချို့ ထွက်လာမှာ ဖြစ်ပြီး အခြား လျှပ်စစ်ဓာတ်အား လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးရဲ့ လွှတ်တော်တွင်း အစီရင်ခံမှုမှာ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013