ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဝေဖန်ဆန္ဒပြမှုတွေ ရှိနေတဲ့ကြားက မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ ဇန်နဝါရီ ၇ ရက် မနက်မှာ နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိလာပါတယ်။
လေဆိပ်မှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ စစ်ကောင်စီတာဝန်ရှိသူတွေက ကော်ဇောနီနဲ့ ကြိုဆိုခဲ့ပါတယ်။
ဟွန်ဆန်ဟာ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်သွားမယ်လို့ ကမ္ဘောဒီးယား အစိုးရ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပြီး စစ်ကောင်စီပြန်ကြားရေးက ၂ ရက်ကြာ အလုပ်သဘောခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် အာဆီယံအပါအဝင် ဒေသဆိုင်ရာ အကျိုးတူကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ ဖော်ပြထားပါတယ်။
အာဆီယံရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာပြည်သူလူထုကတော့ ဟွန်ဆန်ရဲ့ရုပ်ပုံတွေကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုတွေ၊ ပြည်တွင်း စစ်အစိုးရဆန့်ကျင် တက်ကြွလှုပ်ရှားသူတွေက စိတ်ပျက်နေကြပြီး ဝန်ကြီးချုပ်အနေနဲ့ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တရားဝင်အဖွဲ့အစည်းတွေနဲ့သာ ပူး ပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဟွန်ဆန်အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဒီမိုကရေစီရေး ကြိုး ပမ်းအားထုတ်မှုတွေကို လေးစားလိုက်နာဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က တိုက်တွန်းလိုက်ပါတယ်။
Photo-MOI