DVB Logo
Home
မြန်မာသတင်း
ယူကေ၀န်ကြီး ထိပ်သီးခေါင်းဆောင်များကို တွေ့ဆုံ
DVB
·
January 29, 2014
ယူကေ၀န်ကြီး ထိပ်သီးခေါင်းဆောင်များကို တွေ့ဆုံ
Donate to DVB

ယူနိုက်တက်ကင်ဒမ်းနိုင်ငံ အာရှဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး Hugo Swire ဟာ ၂၈ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိနေပြီး သုံးရက်ကြာနေထိုင်မှာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ သူ့အတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ လာရောက်ပြီးနောက် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပါတယ်။

800px-Hugo_Swire_visits_Japanသူဟာ ၂၈ ရက်နေ့က နေပြည်တော်မှာ အစိုးရ၀န်ကြီးတွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပါတယ်။

နေပြည်တော်မှာ တွေ့ဆုံပွဲတွေပြုလုပ်ပြီး ထုတ်ပြန်ချက်မှာ မစ္စတာ Hugo Swire က “ဒီနှစ်ဟာ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အရေးပါတဲ့နှစ်တနှစ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်းမှာ တိုးတက်မှုအထောက်အထားတွေကို မြင်တွေ့ခဲ့ရတဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်။ ဒါပေမယ့် လုပ်ဆောင်ဖို့ အများအပြားကျန်ပါသေးတယ်။ အဲဒီထဲမှာ အရေးတကြီးလုပ်ဖို့က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဒီမိုကရေစီပြည့်ဝတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပဲဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သား အားလုံး အခွင့်အရေးတန်းတူညီမျှမှုကို တန်ဖိုးထားရာရောက်တဲ့ နိုင်ငံသားအားလုံးဟာ သမ္မတ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခွင့်ရှိဖို့ ခွင့်ပြုရပါမယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်လို့ အလွန်အမင်း စိတ်ပူပန်တယ်ဆိုတာ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်းအသိပေးထားတယ်လို့ ပြောပါတယ်။

ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ လတ်တလောဖြစ်တဲ့ အမျိုးသမီးနဲ့ ကလေးတွေအဓိကပါတဲ့ လူတွေသေဆုံးခဲ့တယ်ဆိုတဲ့ အစီရင်ခံချက်တွေကို ဖော်ထုတ်ဖို့ သူက တိုက်တွန်းပါတယ်။

တရားဥပဒေစိုးမိုးရေးကို အဆောတလျင်ဆောင်ရွက်ဖို့နဲ့ ကံဆိုးမိုးမှောင်ကျနေတဲ့ ဆက်လက်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး ဒီလိုမှ မလုပ်ရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မှုရှိလာလိမ့်မယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

သူက မြန်မာနိုင်ငံ လုပ်ဆောင်နေတဲ့ အပြောင်းအလဲတွေကို ကြိုဆိုပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ လွတ်လပ်သန့်ရှင်းမျှတဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အလေးထား ပြောဆိုခဲ့တယ်လို့ ယူကေရုံးက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နောက်ဆုံး အကြမ်းဖက်မှုဖြစ်ပွားတဲ့ ရခိုင်ပြည်နယ် မောင်တော ကိစ္စကိုလည်း အလေးအနက် စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပါတယ်။

၂၉ ရက်နေ့မှာ သူဟာ မြစ်ကြီးနား ကချင်ပြည်နယ်တွေကို သွားရောက်ပြီး ပြည်နယ်အစိုးရ ၀န်ကြီးတွေနဲ့ တွေ့ဆုံဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကေအိုင်အို အဖွဲ့အစည်း၊ ရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဆွေးနွေးကြမယ်လို့ ထုတ်ပြန်ထားပါတယ်။

သူဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပြင်က ဒုက္ခသည် (အိုင်ဒီပီ) စခန်းတွေကို သွားမှာဖြစ်ပါတယ်။ အဲဒီစခန်းမှာ ယူကေအစိုးရက လူသားခြင်းစာနာတဲ့ အကူအညီ ပေးထားပါတယ်။

ဇန်န၀ါရီ ၃၀ ရက်နေ့ မွန်းမတည့်ခင်မှာ သူဟာ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ခန်းမမှာ ယူကေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်းတခုပေးမှာဖြစ်ပါတယ်။ ၃၀ ရက်နေ့ မနက်ပိုင်းမှာ သူဟာ ရခိုင်ပြည်နယ် အခြေအနေတွေကို သက်ဆိုင်ရာ လူမှုအသိုင်းအ၀ိုင်းတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်အထွေထွေပြည်သူ့ဆေးရုံကြီးကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်ဟာ မစ္စတာ Swire ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ငါးရက်ခရီးစဉ်ရဲ့ အဆုံးသတ်ခရီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013