Home
အာရှဒေသ
အိန္ဒိယ အမျိုးသမီးရဲအရာရှိ ကင်းလှည့်အဖွဲ့
DVB
·
January 29, 2014
အိန္ဒိယနိုင်ငံ ဘိုပါးမြို့မှာ နီရာဘာယာ မိုဘိုင်းကင်းလှည့်ဝန်ဆောင်မှုကို လတ်တလောလေးမှာပဲ စတင်လိုက်ပါပြီ။ ၂၀၁၂ ခုနှစ်က နယူးဒေလီမြို့တော်မှာ ကျောင်းသူတဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရတာကို အစွဲပြုပြီး ဒီအမျိုးသမီး ကင်းလှည့်အဖွဲ့ကို အမည်တပ်ထားတာပါ။ Nirbhaya Police Mobile unit Spot action in Bhopal___pankajtiwari.ဒီအဖွဲ့ဟာ စိတ်ပူပန်သောက ရောက်နေရတဲ့ အမျိုးသမီးတွေကို ကူညီဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခိုင်မာတဲ့ နည်းဗျူဟာတွေက အမျိုးသမီးတွေ အများကြီးကြားမှာ ကြောက်ရွံ့မှုတွေ ဖန်တီးဖြစ်ပေါ်နေခြင်းကို အဆုံးသတ်ပေးလိုက်ပါပြီ။ သူတို့အဖွဲ့ဟာ မနက်စောစောကနေ ညနေစောင်း အချိန်ထိ ဗန်ကားတစီးနဲ့ မြို့တစ်ဝိုက်ကို လှည့်လည်သွားလာနေတာပါ။ ဒီအဖွဲ့မှာ အမျိုးသမီး ရဲအရာရှိ ၆ ဦး ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရာဇ၀တ်မှု မှတ်တမ်းရုံးအဆိုအရ မဒရာ ပရာဒက်ရှ်ပြည်နယ်ဟာ ၂၀၁၁ ခုနှစ်မှာ မုဒိမ်းမှုအရေအတွက် အများဆုံးလို့ ထုတ်ပြန်ထားပါတယ်။ ဒီကင်းလှည့်အဖွဲ့ဟာ အဲဒီမုဒိမ်းမှု အရေအတွက်ကို လျော့နည်းသွားစေဖို့ ရည်ရွယ်ထားတယ်လို့ စစ်ဆေးရေးမှူး ဗိုလ်ချုပ် အက်စ်ကေ ဂျာက ပြောပါတယ်။ “အိန္ဒိယနိုင်ငံဟာ လူဦးရေတ၀က်လောက်အတွက်တောင် လုံခြုံစိတ်ချရတဲ့နေရာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်က အုပ်စုဖွဲ့ မုဒိမ်းမှု ဖြစ်ပြီးနောက်ပိုင်းမှာ ရာဇ၀တ်မှုတွေ ကျူးလွန်ခံရတဲ့ အိန္ဒိယအမျိုးသမီးတွေကြားမှာ သတိထားလာတာတွေ တိုးလာပါတယ်။ ဒါဟာ အဲဒီအမှုကို ဂုဏ်ပြုလိုက်ခြင်းပါပဲ။ သူတို့ရဲ့ ဆောင်ပုဒ်ကတော့ ‘အမျိုးသမီးများ၏၊ အမျိုးသမီးများအတွက် နဲ့ အမျိုးသမီးများအားဖြင့်’ ပါ။ ကျနော်တို့က အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် အကူအညီတွေ စီစဉ်ပံ့ပိုးပေးချင်တာပါ။” ဒါပေမယ့်လည်း ဒီကင်းလှည့်အဖွဲ့ လုပ်နေတာတွေက လွန်နေတယ်လို့ အတော်များများက ပြောကြပါတယ်။ အဲဒီအဖွဲ့ဟာ ပန်းခြံထဲမှာ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေ အတူတွဲ ထိုင်နေကြရင်ကိုပဲ အပြစ်ပေးကြပါတယ်။ ယောက်ျားလေးတွေကိုတော့ ထိုင်-ထ လုပ်ခိုင်းပြီး၊ မိန်းကလေးတွေကိုလည်း သူတို့တွေကို ကင်းလှည့်အဖွဲ့က ဖမ်းထားတယ်ဆိုတဲ့အကြောင်း သူတို့မိဘတွေဆီကို ပြောခိုင်းပါတယ်။ အသက် ၁၉ နှစ်အရွယ် ကျောင်းသား နီရာမလ် ပါသက်ခ်ဟာ ပန်းခြံထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ထိုင်နေတုန်းက တခါ အဖမ်းခံခဲ့ရပါတယ်။ သူ့ကို ထိုင်-ထ လုပ်ခိုင်းပြီးတော့၊ ရဲစခန်းကို ခေါ်သွားခဲ့တယ်လို့ ပြောပါတယ်။ “ပန်းခြံထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ထိုင်တာက ရာဇ၀တ်မှုတခုလို့ ထင်ပါသလား။ သူတို့ ဒီလို အရေးယူပိုင်ခွင့် ရှိတယ်လို့ မထင်ပါဘူး။ ကျနော်တို့ဟာ ကျနော်တို့ ဘယ်သူနဲ့ ထိုင်မယ်၊ လမ်းလျှောက်မယ် ဆိုတာကို လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရတဲ့ လူ့အဖွဲ့အစည်းထဲမှာ နေနေတာပါ။ ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေက လုံးဝကို မှားယွင်းနေပါတယ်။” ဒီကင်းလှည့်အဖွဲ့ခေါင်းဆောင် နာမီတာ ဆာဟူကတော့ သူတို့ဆောင်ရွက်ချက်တွေကို ကာကွယ် ပြောဆိုပါတယ်။ “ကျမတို့က စာရိတ္တပိုင်းတွေကို ထိန်းသိမ်းကြပ်မတ်ပေးနေတာ မဟုတ်ပါဘူး။ ဒီအဖွဲ့က မိန်းကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့ထားတာပါ။ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကိုလည်း မမြင်ကွယ်ရာ၊ ဆိတ်ကွယ်ရာမှာ မထိုင်ကြဖို့ ကျမတို့ ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ အဲလို ဆိတ်ကွယ်ရာ နေရာတွေက သူတို့ကို အနှောင့်အယှက်ပေးဖို့ အခွင့်အရေး ပိုရှိတတ်တယ်လေ။” နောက်ထပ် ကောလိပ်ကျောင်းသူ အက်စ်မာခန်ကတော့ ဒီကင်းလှည့်အခွဲ့ဟာ လူငယ်တွေကြားမှာ အကြောက်တရားတွေကို ဖန်တီးနေတာသက်သက်ပဲလို့ ပြောပါတယ်။ “ကျမတို့ ဒီကင်းလှည့်အဖွဲ့ကိုတော့ တကယ်ကြောက်ပါတယ်။ လူငယ်စုံတွဲတွေကို အပြစ်တင်နေတာဟာ ဘိုပါလ်လို မြို့တမြို့မှာ အမျိုးသမီးတွေအပေါ် ဆန့်ကျင်ပြုမူတာတွေကို ပြောင်းလဲပစ်နိုင်မှာတော့ မဟုတ်ဘူး။ အဲဒီအစား ကြောက်ရွံ့မှုကိုပဲ သူတို့ ဖန်တီးပေးထားတာ။” ဒီကင်းလှည့်အဖွဲ့ဟာ ဟိန္ဒူ အမာဂိုဏ်းအဖွဲ့အစည်းတချို့ကနေ အားပေးထောက်ပံ့မှု အပြည့်အ၀ ရရှိထားပါတယ်။ ဟိန္ဒူ လက်ယာဂိုဏ်း လူငယ်အဖွဲ့တခုဖစ်တဲ့ ဘာဂ်ျရန်င်ဒါလ်အဖွဲ့ဝင် အာရှူတို့ရှ် ဂျိုက်ဇ်ဝါလ်က “သူတို့လုပ်ဆောင်ချက်တွေကို ကျနော်ကတော့ ခိုင်ခိုင်မာမာကို ထောက်ခံပါတယ်။ သူတို့ဟာ ဒီမှာ အိန္ဒိယ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းပေးဖို့ပါ။ အားလုံးခြုံပြောရရင်တော့ ဒီစုံတွဲတွေ လုပ်ချင်တာလုပ်ဖို့ လူတွေက ခွင့်မပြုသင့်ပါဘူး။ သူတို့ဟာ ပန်းခြံတွေထဲမှာ ညစ်ညစ်ညမ်းညမ်း ပြုမူနေကြတာတွေကို စေ့စပ်ဖျန်ဖြေပေးတာပါ။ ကျနော်တို့ ဒီလိုကိစ္စတွေကို ဖြစ်ဖို့ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။” ဒါပေမယ့် တချို့အမျိုးသမီးတွေက ဒီအုပ်စုကို ဝေဖန်ကြပါတယ်။ မဟီလာ ဗီရိုဒီ အူသ်ပီဒန် မိုချာ အမျိုးသမီး အဖွဲ့တခုရဲ့ အဖွဲ့ဝင် ဗစ်ဂ်ျယာ ပါသက်က ခုလိုပြောပါတယ်။ “ပန်းခြံထဲမှာ ဒါမှမဟုတ် တခြားတနေရာရာမှာ ထိုင်တာဟာ ရာဇ၀တ်မှု မဟုတ်ဘူးဆိုတာ သူတို့ သဘောပေါက်သင့်တယ်။ ယောက်ျားလေးတaယာက်နဲ့ မိန်းကလေးတaယာက် အတူတူ ထိုင်နေကြရင် ဒါက သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ဆိုလိုတာမှ မဟုတ်တာ။ ဒီအဖွဲ့ကတော့ သူတို့ ခေါင်းလေး၊ ဘာလေး သုံးရတော့မယ်။” အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရှူရီယာ နီယာဇီက မဒရာ ပရာဒက်ရှ်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024