DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း လယ်တီသိမ် ရွှေ့ပြောင်းရန် ပြင်ဆင်
DVB
·
January 29, 2014
လက်ပံတောင်း လယ်တီသိမ် ရွှေ့ပြောင်းရန် ပြင်ဆင်
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသမှာ ရှိတဲ့ လယ်တီသိမ်၊ ကျောင်းနဲ့ ဘုရားတွေကို ကြေးနီစီမံကိန်းဧရိယာအတွင်း ကျရောက်နေတဲ့အတွက်ကြောင့် မူလနေရာနဲ့ မီတာ ၁၅၀၀ လောက်ဝေးတဲ့ ကျော်ရွာအနားကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေပါတယ်။

LalTi Theimဆားလင်းကြီးကနေ ပုသိမ်မုံရွာသွားတဲ့ ကားလမ်းပေါ်မှာ ရှိတဲ့ ကျော်ရွာ တောင်ဘက် ကွင်းအမှတ် ၇၇၄ (က) ကို ရွှေ့ပြောင်းဖို့ ဆားလင်းကြီးမြေစာရင်းရုံးက ပြင်ဆင်နေတာပါ။
ဆားလင်းကြီးမြို့နယ် ကြေးတိုင်နဲ့ မြေစာရင်း ဦးစီးဌာနက ဦးစီးအရာရှိ ဦးကျော်သက်က “ဖောင်းကတာ ကျေးရွာအုပ်စု ၇၇၄ က ကွင်းမှာ မြေ ဧရိယာ ၁ ဒဿမ ၈၄ ဧကကို သာသနိက အဆောက်အအုံ ရွှေ့ပြောင်းရန် ဆိုပြီးတော့ နှစ် ၆၀ ဂရမ် ပယ်ဖျက်ဖို့အတွက် မြေစာရင်းဌာနက ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြထားပြီးတော့ ၁ လခွဲလောက် တော့ ကြာသွားပြီပေါ့ဗျာ။ တင်ပြထား ရှိပြီးတော့ ဒီသာသနိက အဆောက်အအုံ ပယ်ဖျက်မယ့် ခွင့်ပြုမိန့်ရဖို့အတွက် ဆက်လက်ပြီးတော့ ဆောင်ရွက်ထားတယ် ဒီလောက်ပဲ ရှိတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးခင်မောင်သိန်းက ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် အဌမ ပုံမှန် အစည်းအဝေးမှာ လယ်တီဆရာတော်ဘုရားကြီးရဲ့ ဘုရား စေတီနဲ့ သိမ်တော်ကြီးကို မူလအတိုင်း ထား၊ မထား ကို မေးမြန်းခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ရေး ကော်မရှင် အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးလှထွန်းက သာသနိက အ ဆောက်အအုံတွေ ရွှေ့ပြောင်းခြင်းနဲ့ ပြန်လည် တည်ဆောက်ခြင်း အဖွဲ့ကနေပြီး ဓလေ့ထုံးထမ်း စဉ်လာနဲ့အညီ ရွှေ့ပြောင်းနိုင်ဖို့ ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013