Home
မြန်မာသတင်း
Air KBZ လေယာဉ် မတော်တဆဖြစ်ပြီး ပြန်လည်ဆင်းသက်
DVB
·
January 28, 2014

ရန်ကုန်-ဟဲဟိုး-မန္တလေး Air KBZ လေယာဉ် ATR-72 ခရီးစဉ်အမှတ် K7 266 ဟာ ဒီနေ့မနက်ပိုင်း ရန်ကုန်လေဆိပ်က ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာမှာ မီးခိုးတွေ ထွက်လာလို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။

1000925_618300384908106_1063532293_nလေယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး အဲယား ကဗ္ဘောဇ လေကြောင်းလိုင်း အထွေထွေမန်နေဂျာ  ဦးမြတ်သူက “မနက် ၈ နာရီလောက်မှာ ရန်ကုန်-ဟဲဟိုး-မန္တလေး သွားမယ့် လေယာဉ် က ပြေးလမ်းပေါ်ရောက်နေ ပါပြီ။ ပြေးလမ်းပေါ် ရောက်ပြီးမှ အချက်ပေး သံပေါ်တော့ ပြန်လာ ပါတယ်။ ပြန်လာပြီးတော့မှ ဘီးတဖက်က အပူချိန်မြင့်သွားပြီး မီးခိုးတွေ ထွက်လာပါတယ်။ ခရီးသည်တွေကို အပြင်ထွက်ခိုင်းပြီး အဲဒါကို ငြှိမ်းကြပါတယ်” လို့ ပြောပါတယ်။

လိုက်ပါလာတဲ့ ခရီးသည် ၆၅ ဦးလုံး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့လည်း ဦးမြတ်သူက ပြောပါတယ်။

ခရီးသည်တွေကို တခြားလေယာဉ်တစီးနဲ့ ရန်ကုန်-ဟဲဟိုး-မန္တလေး ခရီးစဉ်အတိုင်း စီစဉ်ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ နာရီဝက်လောက်ကပဲ အဲဒီခရီးသည်အတိုင်း ရန်ကုန်-ဟဲဟိုး-မန္တလေးကို လေယာဉ်အခြားတစီးနဲ့ အစားထိုးတင်ပေးလိုက်ပါတယ်။ ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။ ဘာမှကို မဖြစ်တာ။ ဒီအတိုင်းပြန်လှည့်လာတာပါ။ ”

ပြီးခဲ့တဲ့အပတ်က အဲပုဂံ လေကြောင်းလိုင်းဟာ လုံခြုံစိတ်ချရမှု အားနည်းတယ် ဆိုသည့်သတင်းတွေ ထွက်ပေါ်လာပြီး မကြာမီ Air KBZ လေယာဉ် မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024