DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရဧည့်သည်အဖြစ် ဖိတ်ကြားမည်
DVB
·
January 27, 2014
ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရဧည့်သည်အဖြစ် ဖိတ်ကြားမည်
Donate to DVB

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံ လာရောက်လည်ပတ်ဖို့ တရုတ်အစိုးရက တရားဝင်ဖိတ်ကြားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောဆိုလိုက်ပါတယ်။

asskတရုတ်သံအမတ် Yang Houlan က ဆန်းဒေးမောနင်းပို့စ် သတင်းစာနဲ့ မေးမြန်းခန်းမှာ ထည့်ပြောခဲ့တာပါ။ အချိန်အတိအကျ မသိရပေမယ့် နှစ်ဘက်စလုံးအတွက် အဆင်ပြေမယ့် အချိန်ကျရင် ဖိတ်ကြားမှာပါလို့ တရုတ်သံအမတ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိသူဖြစ်ရုံမက မြန်မာလူထုရဲ့ ချစ်ခင်မှုကိုလည်း ရရှိနေသူဖြစ်ကြောင်းနဲ့ ဖိတ်ကြားဖို့ကိစ္စဟာ သင့်တော်မယ့်အချိန်ကို ရွေးနေလို့ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီအားလုံးနဲ့ ဆက်လက် ဆက်ဆံသွားမယ်လို့ တရုတ်သံအမတ်က ပြောပါတယ်။

တရုတ်သံအမတ် Yang Houlan  ဟာ သူတာဝန်စတင်ထမ်းဆောင်ချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ချင်ကြောင်းနဲ့ တရုတ်အစိုးရထံက တရားဝင်ဖိတ်ကြားသင့်ကြောင်း ထုတ်ပြောထားသလို မနှစ်က တောင်ကိုရီးယားခရီးစဉ်တုန်းက တရုတ်နိုင်ငံကို မကြာခင် လည်ပတ်မယ်လို့ ပြောဆိုဖူးပါတယ်။

တရုတ်အစိုးရဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကစလို့ တရုတ်နိုင်ငံကို မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို အလည်ပတ်ဖိတ်ကြားခဲ့ပ့ါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပါတီအနေနဲ့ တရုတ်နိုင်ငံကို ကိုယ်စားလှယ် လေးဖွဲ့ စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိစဉ်တုန်းက  အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တပ်မတော်အစိုးရနဲ့ ပိုမိုနီးစပ်ပြီး စစ်အစိုးရကို ကျောထောက်နောက်ခံပြုရပ်တည်ခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013