Monday, June 5, 2023
HomeCOVID19နယူးဒေလီတွင် ကိုဗစ်လူနာများလာသဖြင့် ဝန်ထမ်းတိုးပေးရန် ဆရာဝန်များ ဆန္ဒပြ

နယူးဒေလီတွင် ကိုဗစ်လူနာများလာသဖြင့် ဝန်ထမ်းတိုးပေးရန် ဆရာဝန်များ ဆန္ဒပြ

အိန္ဒိယ နယူးဒေလီမြို့မှာ ကိုဗစ်ကူးစက်မှု နေ့စဉ်မြင့်မားလာနေပေမဲ့ ဆရာဝန်လုံလောက်မှုမရှိတာ ကျန်းမာရေးကုသမှု မနိုင်မနင်းဖြစ်နေတာတွေကြောင့် ဝန်ထမ်းအရေအတွက် ပိုတိုးပေးဖို့ ဆရာဝန်တွေက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ 

နယူးဒေလီမြို့ ဆေးရုံကြီးနှစ်ရုံရှေ့မှာ ဆရာဝန်တွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြသလို ရွှေ့ပြောင်း အလုပ်သမားတွေကလည်း ထိခိုက်လာမယ့် သူတို့လုပ်အားခတွေကို တောင်းဆိုပါတယ်။ 

အစိုးရက ဒီဇင်ဘာ ၂၈ ရက်မှာ ကန့်သတ်မှုအသစ်တွေနဲ့ ညမထွက်ရ  အမိန့်ထုတ်ပါတယ်။

ဆန္ဒပြဆရာဝန်တဦးက  “ကိုဗစ်ကူးစက်မှုက ပြန်မြင့်လာပြီး နောက်နှစ်လဆိုရင် တတိယလှိုင်း ဝင်တော့မယ်။ လက်ရှိဆရာဝန်အရေအတွက်နဲ့ မနိုင်ဘူး။ အရည်ချင်းရှိတဲ့ ဆရာဝန်အသစ်တွေ အများကြီး လိုနေတယ်။ ရှေ့တန်းကနေ ထိထိရောက်ရောက် ကာကွယ်ကုသပေးဖို့ဆိုလျှင် ကျန်းမာရေး ဝန်ထမ်း ၄၅,၀၀၀ လောက် အသစ်ခန့်ပေးရပါမယ်” လို့ ပြောပါတယ်။

ဒေလီမြို့တော်ဝန်ကက သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ နယူးဒေလီရဲ့ ကူးစက်မှုနှုန်းက အဝါရောင်အဆင့် ဖြစ်လာတာကြောင့် ရုပ်ရှင်ရုံ၊ အားကစားရုံ၊ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ spas ဆိုင်တွေ ပိတ်ရမှာဖြစ်ပြီး မြို့ထဲသွားလာရေး metro စနစ်ကို ၅၀ ရာခိုင်နှုန်း လျော့ချပစ်မယ်လို့ ပြောပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားတွေကတော့ အဲဒီကန့်သတ်မှုတွေနဲ့ ညမထွက်ရအမိန့်တွေ ထုတ်လိုက်ပါက ပုံမှန်ဝင်ငွေ မရှိတာကြောင့် သူတို့အခက်အခဲတွေကို ဖြေရှင်းပေးပါလို့ ပြောပါတယ်။

နယူးဒေလီမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်နှုန်း စိုးရိမ်စရာကောင်းအောင်  ပြန်မြင့်တက် လာနေသလို အိုမီခရွန် ကူးစက်ခံရသူ ၁၉ ဦးရှိပြီး လောလောဆယ် သေဆုံးမှုတော့ မရှိသေးပါ။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular