ပြန်လွတ်လာသည့် ဒေါ်ဘောက်ဂျာနှင့် ဆက်သွယ်မေးမြန်းချက်
နန်းမြနဒီ
·
January 27, 2014
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အချုပ်ခန်းမှာ ၆ လတာ ထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ရဲ့ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာဟာ ဇန်န၀ါရီ ၂၄ ရက်နေ့က ပြန်လွှတ်လာပါတယ်။
သူဟာ မြေသိမ်းခံ လယ်သမားတွေဘက်က ရှေ့နေလိုက်ခဲ့သလို ကလေးစစ်သား ကယ်ဆယ်ရေး၊ လူငယ်ပညာပေးသင်တန်းတွေလည်း ဖွင့်လှစ်ပြီး မြို့ပေါ် ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးတဲ့ ဖားကန့်မြို့နယ် အောင်ရာရွာမှာ သူမိသားစုနဲ့ ဆေးခန်းတခု ဖွင့်ပြီး ပရဟိတ ဆောင်ရွက်သူ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်က လူနာ ၁ ဦး သေဆုံးသွားတာနဲ့ ပတ်သက်ပြီး လူသေမှု၊ တရားမ၀င် ဆေးကုသမှု၊ တရားမ၀င် ဆေးပစ္စည်းတွေ လက်ဝယ်ထားရှိမှု စတာတွေနဲ့ ဖမ်းဆီး တရားစွဲဆိုခံ ရပါတယ်။
ဇန်န၀ါရီ ၁၆ ရက်နေ့ တရားခွင်မှာ လူသေမှုနဲ့ တရားမ၀င်ဆေးကုသမှု ၂ ခု ကွင်းလုံးကျွတ် လွတ်ခဲ့ပါတယ်။
ဇန်န၀ါရီ ၂၄ ရက်နေ့ တရားခွင်မှာတော့ ကျန်ရှိတဲ့ ဆေးပစ္စည်း လက်ဝယ်ထားရှိအပေါ် ထောင်ဒဏ် ၆ လ စီရင်ခံခဲ့ရပြီး ချုပ်လွတ်ရက်စေ့ပြီးလို့ ပြန်လွတ်မြောက်ခဲ့ပါတယ်။ သူမှာ အပြစ်မရှိဘဲ စီရင်ခံရတဲ့အပေါ် ဆက်လက် အယူခံတက်သွားမယ်လို့ ဆိုပါတယ်။
ခုလို လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ဒေါ်ဘောက်ဂျာရဲ့ ရင်တွင်းစကားတွေ သိရဖို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်