Home
မြန်မာသတင်း
မန္တလေး ကျောက်ဝိုင်းအတွင်း ဗုံးပေါက်ကွဲ
DVB
·
December 29, 2021

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အတွင်းမှာ ဒီဇင်ဘာ ၂၉ ရက် မနက် ၅ နာရီဝန်းကျင်အချိန်က ဗုံး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ကျောက်ဝိုင်းအပြင်ကနေ လက်လုပ်မိုင်းနဲ့ လှမ်းပစ်တာဖြစ်ပြီး ကျောက်ဝိုင်းအတွင်း အနောက်တောင်ထောင့်ရှိ ဆိုင်ခန်းအဆောင်တွေဘက်ကျကာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“အရင်က ကျောက်ဝိုင်းမှာ ကွဲတယ်ဆိုတာ အပြင်ဘက်ပဲ ကွဲတာများတယ်။ အခု ကျောက်ဝိုင်းအတွင်းကွဲတာဆိုတော့ စိုးရိမ်ရတယ်။ စစ်ကောင်စီကလည်း ကျောက်ဝိုင်းထဲမှာပဲ အရောင်းအဝယ်လုပ်ဖို့ ဖိအားပေးတာတွေရှိနေတော့ လက်လုပ်လက်စားတွေ စားဝတ်နေရေး အခက်အခဲဖြစ်တာပေါ့” လို့ ကျောက်သမားတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက် နဲ့ ၂၉ ရက်ကလည်း ကျောက်ဝိုင်းအနီး ဗုံးပေါက်ကွဲခဲ့ပြီး နိုဝင်ဘာ ၄ ရက် ဖြစ်စဉ်မှာတော့ အနီးနားရှိ ရဲတပ်ကြပ် တင်လင်းအောင် သေဆုံးခဲ့ကာ ဒုရဲအုပ် သိန်းဇော်ဦး ဒဏ်ရာရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024