ၾသစေၾတးလ် အိုးပင်း အမျိုးသမီးတင်းနစ်ပွဲရဲ့ ဆုဖလား တရုတ်တင်းနစ်အားကစားမယ် ရရှိ

တရုတ် တင်းနစ်အားကစားမယ် လီနာဟာ သူ့ရဲ့ ပထမဆုံး သြစတြေးလျ အိုးပင်း အမျိုးသမီး တင်းနစ်ပွဲ တယောက်ချင်း ပွဲစဉ်မှာ ပြိုင်ဖက် ဒိုမီနီကာ စီဘယ်ကိုဗာကို အနိုင်ရပြီး ဇန်န၀ါရီ ၂၆ ရက်နေ့မှာ ဆုဖလားနဲ့အတူ မဲလ်ဘုန်းမြို့ရဲ့ ဘရိုက်တန်ကမ်းခြေမှာ တွေ့ရပါတယ်။ 20140125T110521Z_1_CBREA0O0U9L00_RTROPTP_4_TENNISOPENလီနာဟာ အာရုံကြောဆိုင်ရာ ကျန်းမာရေး အားနည်းမှုကနေ နာလံထလာအပြီး ဇန်န၀ါရီ ၂၅ ရက်နေ့မှာ သြစတြေးလျ အိုးပင်း အမျိုးသမီးတင်းနစ်ပွဲရဲ့ ဆုဖလားကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပွဲစဉ်အမှတ်တွေရတော့ ပြိုင်ဖက်က သာနေလို့ ကိုယ့်ကိုယ်ကို အားပေးရပုံကိုလည်း လီနာက ပြောပြပါတယ်။ ကျမက ပြိုင်ပွဲနိုင်ပြီးရင် ဘယ်လိုပွဲမျိုးရသင့်လဲလို့ တွေးနေခဲ့တာ ခုတော့ အမှတ်က ရှုံးနေပြီ ဒါပေမယ့် အာရုံစိုက်ထား အမှတ်က တမှတ်ပဲ ကွာတာ အများကြီး မတွေးနဲ့လို့ပေါ့လို့ လီနာက ပြောပါတယ်။ ကစားသမား ၂ ယောက်လုံးအတွက် စိတ်လှုပ်ရှားစရာ ပွဲစဉ်စခဲ့အပြီး လီနာက 7-6 (7-3) 6-0 နဲ့ ၃ ပွဲပြတ် အနိုင်ရခဲ့ပါတယ်။ ၁၁ ကြိမ်မြောက် ပွဲစဉ်မှာ ဒုတိယအကြိမ် အနိုင်ရတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up