ဘူးသီးတောင်၊ ဂန္ဓာရီကျောင်းရှိ ခမီ စစ်ဘေးရှောင်ပြည်သူတို့၏ ပုံရိပ်များ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ် ဂန္ဓာရီကျောင်းမှာ ခိုလှုံနေကြတဲ့  ခမီစစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ဂန္ဓာရီကျောင်းစစ်ဘေးရှောင်စခန်းရဲ့ ကျောင်းထိုင် ဆရာတော်က မိန့်ပါတယ်။ 

“အစိုးရဆီက ဆန်တစ်ခုပဲရပါတယ်။ ဒါကြောင့် မီးဖိုချောင်သုံးပစ္စည်းတွေ၊ နွေးထည်တွေလိုအပ်နေပါတယ်”လို့ ဆရာတော်က  မိန့်ကြားပါတယ်။

အဆိုပါစစ်ဘေးရှောင်စခန်းမှာ ဘူးသီးတောင်မြို့နယ် ခမီချောင်း၊ အုတ်တောင်စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၁၉၉ စု၊ အမျိုးသား  ၅၇၅ ယောက်နဲ့  အမျိုးသမီး ၅၅၄ ယောက် စုစုပေါင်း ၁၁၂၉ ယောက် နေထိုင်နေကြပြီး  စားဝတ်နေရေးအခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင် ခမီအမျိုးသမီးတယောက်က “အရင်လို ငါးရှာ၊ ဟင်းခူးကလည်း သိပ်သွားလာလို့ မကောင်းတော့ စားရသောက်ရတာတွေ အဆင်မပြေပါ။ အကူအညီတွေကလည်း အရင်လို ပုံမှန်မရတော့ ပိုပြီးခက်ခဲလာပါတယ်။ အခုက တအားအေးတော့ အနွေးထည်တွေ၊ စောင်တွေ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲများ ရပ်တန့်နေပေမယ့်  စစ်ဘေးဒုက္ခသည်တွေကတော့  နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up