Sunday, May 28, 2023
HomeLead Storyထိုင်းနယ်စပ်ရောက် စစ်ဘေးရှောင်များကို တနေရာတည်းဖြစ်စေရန် နေရာရွှေ့ပြောင်း

ထိုင်းနယ်စပ်ရောက် စစ်ဘေးရှောင်များကို တနေရာတည်းဖြစ်စေရန် နေရာရွှေ့ပြောင်း

ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲဖြစ်ပြီးနောက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မဲ့သောင်ကန်ရပ်ကွက် စာသင်ကျောင်းမှာ ခိုလှုံနေကြတဲ့  မြန်မာစစ်ဘေးရှောင်တွေကို ဒီဇင်ဘာ ၂၅ ရက် မနက်က  ဖုတ်ဖရမြို့နယ် မဟာဝမ်းတိုက်နယ် မဲ့ကုကင်းကျေးရွာအနီးရှိ စစ်ရှောင်ယာယီစခန်းကို ပြောင်းရွှေ့ပေးထားပါတယ်။

မဲ့သောင်ကန် စာသင်ကျောင်းမှ စစ်ရှောင်သူ ၁၃၀၂ ယောက်ကို ကနဦး  မော်တော်ယာဉ်ကားကြီးတွေနဲ့ ပထမအသုတ် ၄ စီးပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိသူကိုတော့ တဖြည်းဖြည်း ပြောင်းပေးနေတာလို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေရွှေ့ပြောင်းတဲ့အစီအစဉ်ကို မဲဆောက်မြို့မရဲမှူးကြီး ဗိုလ်မှူးကြီး မွန်းစပ်ကယောက်အွန်က တာဝန်ယူလုပ်ဆောင်တာဖြစ်ပြီး တခြားကျန်းမာရေးဌာန အုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာအဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်နေကြတာလို့ဆိုပါတယ်။

အခုအချိန်ဟာ ထိုင်းကျောင်းသူကျောင်းသားတွေ ကျောင်းတက်နေရတဲ့ စာသင်ချိန်ဖြစ်လို့ စစ်ရှောင်တွေကို ထိုင်းစာသင်ကျောင်းကနေ ပြောင်းရွှေ့ရတာဟာ  ဖြစ်ပြီး လုံခြုံရေးအတွက် ပိုမိုထိန်းချုပ်နိုင်ဖို့ ပြောင်းရွှေ့ရတာလို့  စစ်ရှောင်သူအတွက် ပံ့ပိုးကူညီနေသူ တဦးက  ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်ရာက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး လေးကေ့ကော်မြို့သစ်၊ မဲ့ထော်သလေးရွာ၊ ဖလူးကြီးရွာ၊ ထီးမဲ့ဝါးခီးရွာ၊ ပဟိကလို့ရွာနဲ့ တခြားရွာ ၇ ရွာလောက်က ရွာသားတွေ ထိုင်းနိုင်ငံဘက်ကို စစ်ရှောင်သွားရတာဖြစ်တယ်။

မြန်မာစစ်ရှောင်သူတွေကို ထိုင်းနိုင်ငံလုပ်ငန်းရှင်တွေ၊ ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ စေတနာရှင်တွေက စားနပ်ရိက္ခာနဲ့ လိုအပ်တာတွေကို  ဝိုင်းဝန်းလှူဒါန်းနေကြပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ကျေးရွာတွေမှာလည်း တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ ဒုက္ခသည်တွေထောင်သောင်းချီ  ရှိနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular