Home
မြန်မာသတင်း
စမ်းမြို့ကျေးရွာက နေအိမ် ၃၀ ကျော်မီးရှို့ခံရသည့် ပြည်သူများ အကူအညီလိုအပ်
DVB
·
December 24, 2021
269959992_2731464813821629_8138347655823450454_n
269905555_2731464873821623_1966734191468616864_n
269904630_2731464983821612_5580287323639124120_n
269868452_2731464930488284_1292508353353927766_n

စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ခဲ့ရတဲ့ ဂန့်ဂေါမြို့နယ် စမ်းမြို့ကျေးရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဂန့်ဂေါမြို့နယ် စမ်းမြို့ကျေးရွာကို ဒီဇင်ဘာ  ၂၁ ရက်မှာ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်နဲ့ ပျူစောထီး ၅၀ လောက်က ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စမ်းမြို့ရွာက ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ရွာထဲပြန်လာဖို့ လှမ်းခေါ်တာကို ပြန်မဝင်တဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးနှိပ်စက်မှာကို စိုးရိမ်တာကြောင့် စမ်းမြို့ကျေးရွာက အိမ်ခြေ ၂၀၀ ကျော်နဲ့ အနီးဝန်းကျင် ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး စားနက်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် အကူအညီလိုအပ်နေတာပါ။

ဂန့်ဂေါမြို့နဲ့ ကျောမြို့နဲ့ကြားမှာလည်း ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီယာဥ်တန်း ၂၄ စီးကို YDF တပ်ဖွဲ့က မိုင်းဆွဲပြီး လက်လုပ်လောင်ချာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ကျော်လောက်သေဆုံးနိုင်တယ်လို့ YDF တပ်ဖွဲ့ဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024