ရှောင်တာနယ်လ်အမှုတွဲ ဝန်ကြီး ဦးစိုး၀င်း အူမကြီးကင်ဆာခွဲစိတ်မှုခံယူနေရသဖြင့် အမှု မစစ်ဖြစ်

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်ရဲ့အမှုအတွက် ဒီဇင်ဘာ ၂၃ ရက် ဒီနေ့ရုံးချိန်းမှာ လူမစုံတဲ့အတွက် ရုံးထုတ် မစစ်ဆေးဖြစ်ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရှောင်တာနယ်ကို စစ်ကောင်စီကနေ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပါတယ်။

ဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှုဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ရှောင်တာနယ်လ်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)အမှုမှာ အမှုတွဲအဖြစ် တရားစွဲဆိုခံထားရတဲ့ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး) အူမကြီးကင်ဆာနဲ့ ခွဲစိတ်မှုခံထားရတဲ့အတွက် လူမစုံလို့ မစစ်ဆေးဖြစ်ဘူးလို့ သိရပါတယ်။

“ဒီနေ့မစစ်ဖြစ်ဘူး။ အန်ကယ်ဦးစိုး၀င်းက ခွဲစိတ်ထားတော့ သူမလာတော့ မဖြစ်ဘူး။ ဆေးရုံကလည်း မဆင်းရသေးဘူး။ အူမကြီးကင်ဆာလို့ ပြောတယ်။ ခွဲစိတ်တာတော့ ၂၁ ရက်နေ့ကလို့ ကြားတယ်” လို့ တရားရုံးနဲ့နီးစပ် သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရှောင်တာနယ်လ်ကို လ၀က အက်ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုမှာလည်း စစ်ဆေးရမယ့် သက်သေ မလာတာကြောင့် မစစ်ဆေးဖြစ်ဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up