Home
မြန်မာသတင်း
နေပြည်တော် မြန်မာနိုင်ငံရဲဌာနချုပ် ဝန်ထမ်းလိုင်းခန်းတွင် ရဲမိန်းမများ ကင်းစောင့်နေရ
DVB
·
December 23, 2021
268328994_1247344422416565_4226488877231489433_n

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိရာ နေပြည်တော်မှာ ရဲဝန်ထမ်းအိမ်ရာတွေအတွက် လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးသည်တွေ ကိုယ်တိုင် ကင်းစောင့်နေရတယ်လို့ ရဲတပ်ဖွဲ့အသိုက်အဝန်းကနေ သိရပါတယ်။ 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှာတော့ လုံခြုံရေးအတွက် ရဲတပ်ရင်း ၁ ရင်းရှိပေမဲ့ ဝန်ထမ်းလိုင်းခန်း အိမ်ရာတွေမှာ လုံခြုံရေးယူဖို့ ရဲအင်အားမလုံလောက်တာကြောင့် ရဲမိန်းမတွေကို ညကင်းစောင့်ခိုင်းတာလို့  လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတဦးက ပြောပါတယ်။ 

“ဘူးကွဲလိုင်းခန်းမှာနေတဲ့ ရဲမိန်းမတွေကို ညဘက်တွေမှာ အလှည့်ကျကင်းစောင့်ခိုင်းတာရှိတယ်။ ကင်းချိန် ဘယ်လောက်ချလည်းတော့မသိဘူး။ မိန်းမတွေဆိုတော့ ကင်းချိန်ကိုတော့ အစောပိုင်းချမှာပါ။ လိုင်းခန်းတွေက စခန်းတွေလို ခြံစည်းရိုးမရှိတော့ ပိုဆိုးတာပေါ့။ ဒီတိုင်း တိုက်အောက်မှာထိုင်စောင့်ရတာ”လို့ ရဲဝန်ထမ်းက ပြောပါတယ်။ 

ဇမ္ဗူသီရိမြို့နယ်အတွင်းမှာရှိတဲ့ ရဲလိုင်းခန်းတွေမှာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် အမျိုးသားမရှိတဲ့ အချိန် ရဲမိန်းမဖြစ်သူအပြင် မိသားစုဝင်တွေပါ အစားထိုးကင်းစောင့်ပေးနေရတယ်လို့ ဆိုပါတယ်။ 

ဒါ့ပြင် ဒီဇင်ဘာလဆန်းပိုင်းစတင်ကာ ရဲစခန်း၊ ရဲတပ်ရင်းတပ်ဖွဲ့တွေမှာနေထိုင်တဲ့ ရဲတပ်ဖွဲ့တွေရဲ့ မိန်းမတွေကို စစ်သင်တန်းပေးတာတွေပြုလုပ်နေပြီး စခန်းလုံခြုံရေးစောင့်ခိုင်းဖို့ စီစဉ်တာတွေလည်း ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024