Live
Home
မြန်မာသတင်း
ဖားကန့် မနကျေးရွာအနီး မြေစာပုံပြိုကျမှုမှ အလောင်း ၃ လောင်းတွေ့
DVB
·
December 22, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီဇင်ဘာ ၁၈ ရက်ညသန်းခေါင်ကျော်က ဆိုင်းဂျာဘွမ်နဲ့ မနကျေးရွာအနီး စုပေါင်းစွန့်ပစ်မြေစာပုံပြိုကျမှုမှာ  မြေပိပျောက်ဆုံးနေသူ  ၅ ယောက်ထဲက ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ မနေ့ညက ရေပေါ် ပေါ်လာလို့ ဒီနေ့မနက် အခင်းဖြစ်နေရာအနီးမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်ယူရရှိခဲ့ပါတယ်။ 

ဒီနေ့ ဒီဇင်ဘာ ၂၂ ရက် မနက်ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ စိန်စိန်လုပ်ကွက်မှာ အမြင့်ပေ ၂၀၀ လောက်ကနေ မြေစာပြတ်ကျလို့ ရေမဆေးကျောက်ရှာဖွေသူတွေ  ရေကန်အတွင်း ပြုတ်ကျပြီး သေပျောက်ခဲ့ရာမှာ  အမျိုးသား တယောက်ရဲ့ အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024