ရေးမြို့နယ် မော့ကနင်ကျေးရွာ ၁၀၆ တပ်ရင်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်  ရေးမြို့နယ်  မော့ကနင် ကျေးရွာရှိ ၁၀၆ ခြေလျင်တပ်ရင်းကို  ဒီဇင်ဘာ ၁၅ ရက်နေ့ည ၈ နာရီခွဲလောက်က M-79 လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

တပ်စခန်းကို M-79 လက်နက်နဲ့ ၅ ချက် ပစ်ခတ်ပေမဲ့ ၁ ချက်သာ ထိမှန်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်မှုအခြေနေကိုတော့ မသိရဘူးလို့ ရေး PDF မြောက်ပိုင်းက ဆိုပါတယ်။

ဒေသခံတဦးက “၁၀၆ တပ်ရင်းဘက်မှာ  လက်နက်ကြီးအသံတစ်ချက်ကြားပြီးတာနဲ့ သေနတ်သံအချက် ၃၀ ခန့် လောက် ထပ်မံပစ်ခတ်တဲ့အသံက ကြားရတယ်။ အခုလို ညဘက် လက်နက်ကြီး သေနတ်သံတွေ ကြားရတော့  စိုးရိမ်ကြောက်ရွံ့နေကြတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပက်သက်ပြီး စစ်ကောင်စီ ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ရေး PDF တပ်ဖွဲ့တွေက စစ်ကောင်စီ ၁၀၆ တပ်ရင်းကို မကြာခဏ တိုက်ခိုက်လေ့ရှိကြပြီး အဆိုပါ တပ်ရင်းရှေ့ စစ်ဆေးရေးဂိတ်ဟာ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်-ရေး-  မော်လမြိုင်ကားလမ်းမဘေးက တပ်စခန်းတခုဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up