ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ကျောက်နဲ့ ကျောက်မျက်ရတနာ ပြပွဲကြီးတခု ကျင်းပမည်

နေပြည်တော် ကျောက်စိမ်းပြပွဲတွင် တွေ့ရသော ကျောက်စိမ်းတုံးများ
787
လာမယ့် ဖေဖော်ဝါရီ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ရန်ကုန် ကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များ အသင်းရုံးချုပ်မှာ ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ကျောက်နဲ့ ကျောက်မျက်ရတနာ ပြပွဲကြီးတခု ကျင်းပမယ်လို့ ကျောက်မျက်လုပ်ငန်းရှင်များ တွဲဘက် အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောပါတယ်။
ဇန်န၀ါရီ ၂၀ ရက်နေ့က ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောလိုက်တာ ဖြစ်ပြီး အခုနှစ်ပြပွဲအတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံက နာမည်ကြီး ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားတယ်လို့ ပွဲစီစဉ်သူ ဒေါက်တာဇာနည်မောင် ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ ကျောက်နဲ့ ကျောက်မျက်ရတနာ ပြပွဲကြီးတခုကို ပြီးခဲ့တဲ့ ၂၀၁၃ မေလက မြန်မာကွန်ဗင်းရှင်း စင်တာ (အမ်စီစီ)မှာ ကျင်းပ ခဲ့ဖူးပါတယ်။
