အပစ်အခတ်ရပ်ရေး တိုင်းရင်းသားအဖွဲ့များ ကွန်ဖရင့် ၁ ရက် ထပ်တိုး

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်း ဆွေးနွေးဖို့အတွက် ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ဇန်န၀ါရီ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၃ ရက်တာ ပြုလုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကွန်ဖရင့်ကို ၁ ရက် ထပ်မံ တိုးမြှင့်လိုက်ပါတယ်။ ကွန်ဖရင့် တတိယနေ့ဖြစ်တဲ့ ဇန်န၀ါရီ ၂၂ ရက် ဒီနေ့မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းနဲ့ ပတ်သက်ပြီး တဖွဲ့ချင်း တင်ပြဆွေးနွေးချက်တွေ၊ အဖွဲ့လိုက်အချိန်ယူ ဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။ ဒီ ကွန်ဖရင့်ကို တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ တက်ရောက်ကြောင်း ဒီပွဲရဲ့ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ နိုင်ဟံသာက ပြောပါတယ်။ သတင်းဓာတ်ပုံ - အောင်အောင်ဖြိုး [gallery ids="50594,50595,50596,50597,50598"]

//
More News
Up