Home
မြန်မာသတင်း
ကြို့ပင်ကောက်မြို့နယ်က ကျွဲဘိရဲကင်းစခန်း မီးလောင်
DVB
·
December 14, 2021
268172591_1236326426861365_5764536504091913245_n

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းပေါ်မှာရှိတဲ့ လုံခြုံရေးအကြောင်းပြကာ စစ်ကောင်စီတပ်တွေတပ်စွဲနေတဲ့ ကျွဲဘိရဲကင်းစခန်း ဒီဇင်ဘာ ၁၃ ရက် နေ့ည ၈ နာရီခွဲဝန်းကျင်က မီးလောင်ကျွမ်းတယ်လို့ သိရပါတယ်။

ဒေသခံတဦးက ''ကျွဲဘိရဲကင်းမှာ မီးလောင်လို့ မီးသတ်ကားတွေ ထွက်သွားတယ်။ ရဲကင်းဘက်က သေနတ်ပစ်သံတွေလည်းကြားရတယ်'' လို့ ပြောပါတယ်။

မီးလောင်ရာနေရာကို မြို့နယ်မီးသတ်တပ်ဖွဲ့က လာရောက်မီးငြှိမ်းသတ်တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူးရုံး တာဝန်ကျဝန်ထမ်းတဦးက “ရဲကင်းအဆောက်အဦ ၁ လုံး မီးလောင်သွားတယ်။ မီးလောင်တဲ့အကြောင်းရင်းကို စုံစမ်းနေပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၅ နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ဒုရဲအုပ်အဆင့်ရှိသူတစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024