ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ စစ်ကောင် စီတပ်သားတွေက လောင်းကစားပစ္စည်းတွေနဲ့အတူ ဖမ်းမိသူကို အမှုဖွင့် အရေးယူတာမျိုး မလုပ်ဘဲ ပိုက်ဆံ သိန်း ၅၂ တောင်းပြီး ပြန်လွှတ်ပေးနေတယ်လို့ သိရပါတယ်။
ကညင်ကူဘက်က ညောင်ကျိုးဘက်ကို ဒီဇင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက လောင်းကစားပြုလုပ်ဖို့သွားသူ အမျိုးသားတဦးကို ပစ္စည်းတွေနဲ့ ဖမ်းမိခဲ့ပေမယ့် ငွေ ၅၂ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“သူက ဂျင်သမား၊ လမ်းမှာ ဆိုင်ကယ်တွေ တားစစ်တော့ ပစ္စည်းတွေနဲ့ လူကို မိတာ၊ ဒါပေမဲ့ အမှုမဖွင့်ဘူး၊ ပိုက်ဆံ ၅၂ သိန်းတောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်္ဂပူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေက ဥပဒေမဲ့ လိုင်းကြေး တောင်းယူတာတွေ ပြုလုပ်ပြီး လောင်းကစားဝိုင်းတွေကိုလည်း ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
အင်္ဂပူမြို့နယ်အတွင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ် အရာရှိတွေပေါင်းပြီး ကြက်ဝိုင်းနဲ့ ဂျင်ဝိုင်းတွေကို ပိုက်ဆံတောင်းယူပြီး ခွင့်ပြုထားတာလို့ သိရပါတယ်။