
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အရာတော်-မုံရွာသွားလမ်း ထနောင်းဝင်းကျေးရွာအနီး မှာ ဒီနေ့မနက် ၅ နာရီကျော်အချိန်က ၁၂ ဘီးကားတစ်စီးကို Monywa Ranger Group/Truth Army အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဒီဖောက်ခွဲခံရတဲ့ကားဟာ စစ်ကောင်စီ ရိက္ခာနဲ့ စစ်သားတွေတင်ဆောင်လာပြီး မိုးကာ အုပ်ထားတာကြောင့် ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားဘီးတွေ ကျွတ်ထွက်သွားပြီး စစ်ကောင်စီတပ်ရဲ့ စစ်သား ၂ ဦးနေရာတင် သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
မိုင်ဆွဲခံရတာကြောင့် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် Monywa Ranger Group/Truth Armyအဖွဲ့ဘက်က အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။