Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်၌ စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ နေအိမ်အချို့ ပျက်စီး
DVB
·
December 11, 2021
266377968_2891193544436536_7403747410599154755_n-1
266377968_2891193544436536_7403747410599154755_n
266482938_2891192551103302_1416755664307509904_n

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဆည်ထန်​တောကြီး​ကျေးရွာမှာ ဒီဇင်ဘာ ၁၁ ရက်​ နေ့လယ်က စစ်​ကောင်စီတပ်တွေက  လက်နက်ကြီးနဲ့  ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား တယောက် ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးသွားတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

တိုက်ပွဲဖြစ်ပွား​တာမရှိဘဲ ​အ​ကြောင်းမဲ့ပစ်ခတ်တာဖြစ်ပြီး အဲဒီလိုပစ်ခတ်မှုကို ဘယ်​နေရာက​နေ လှမ်းပစ်တယ်ဆိုတာ အတိအကျ မသိရ​သေး​ပေမဲ့ မြန်မာ-ယန်စီ လုပ်ကွက်အတွင်းက ​တောင်ကုန်းတစ်​နေရာက​နေ လှမ်းပစ်တာဖြစ်နိုင်​တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောပါတယ်။

စစ်တပ်က လက်နက်ကြီးတွေနဲ့  ​ကျေးရွာ​တွေဘက်ကို ပစ်ခတ်နေတာကြောင့် ယင်းမာပင်မြို့နယ် အ​ရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်​မြောက်ခြမ်းတို့က ​ဒေသခံပြည်သူ  ၈၀၀၀ ဝန်းကျင်လောက်  ​နေအိမ်​တွေမှာမ​နေရဲကြဘဲ ထွက်​ပြေး​တိမ်းရှောင် နေကြရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းကလည်း ​ကောင်းဆင့်​ကျေးရွာက ခရီးသွား ပြည်သူ ၂ ​ယောက်ကို ဖိုလ်ဝင်​တောင်လမ်းခွဲအနီးမှာ စစ်​ကောင်စီတပ်ဖွဲ့က ​သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024