Home
မြန်မာသတင်း
ကန်ပက်လက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး၊ မကွေးက အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ
DVB
·
December 10, 2021
266368851_2722524698048974_7092348158174118297_n
266077624_2722524548048989_3743284581762967405_n
265982305_2722524508048993_3782178464489193602_n

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ဒီဇင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးက ၆ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ကန်ပက်လက် CDF တပ်ဖွဲ့က ပြောပါတယ်။

ကန်ပက်လက်မြို့နယ်နဲ့ ဆောမြို့နယ်အစပ် ပေါင်ချောင်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ပါကွန်းကျေးရွာနားမှာ မနေ့ မနက် ၉ နာရီလောက် တိုက်ခိုက်ခဲ့တာလို့ ကန်ပက်လက် CDF ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

နှက်ဘက် တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီကြာ ဖြစ်ပွားခဲ့ပြီး ကန်ပက်လက် CDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ  ပါကွင်းကျေးရွာက လူနေအိမ် ၇ လုံးနဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ၂ စီးနဲ့ ပစ္စည်းတွေကိုလည်း ခိုးယူဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ကန်ပက်လက်မြို့နယ် ဒေသခံပြည်သူတွေရဲ့ အဓိကစိုက်ပျိုးသီးနှံဖြစ်တဲ့ ဝဥ သီး သိန်းတစ်ရာကျော် ဖိုးလောက်ကိုလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးသွားကြတယ်လို့  ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကန်ပက်လက်မြို့နယ်ကို အင်အားတိုးချဲ့ပြီး ပညာရေးမှူးရုံးနဲ့ မြန်မာ့ စီးပွားရေးဘဏ်မှာ တပ်စွဲထားကြတယ်လို့ ပြောပါတယ်။

ကန်ပက်တိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မကွေးတိုင်း မကွေးမြို့မှာလည်း ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မနေ့က မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီခန့် အောင်ဇေယျာ အုပ်ချုပ်ရေးမှူး ရဲလေးကို ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနောက်ကျောဘက်လမ်းမှာ No Chair ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရာ ဦးခေါင်းကိုထိမှန်ပြီး သေဆုံးသွားတယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုးနက္ခတ်က ပြောပါတယ်။

အဲဒီ အုပ်ချုပ်ရေးမှူးဟာ ကျူးကျော်တွေကိုဖယ်ခိုင်းတာ၊ မီတာခွန်တွေအတင်းဆောင်ခိုင်းတာ၊ ရဲနဲ့စစ်တပ်ကို သတင်းပေးတာတွေ လုပ်ဆောင်တဲ့အပြင် စစ်အုပ်စုနဲ့ ပူးပေါင်းပြီးတော့ ပြည်သူလူထုကို ဒုက္ခ အမျိုးမျိုးပေးနေတာကြောင့် သုတ်သင်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေကို အဆုံးထိ တိုက်ခိုက်ခြေမှုန်းပြီးတော့ စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျတဲ့ အထိတိုက်ပွဲဝင်သွားမယ်လို့ No Chair ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ အုပ်ချုပ်ရေးမှူးရဲ့ အလောင်းကို မကွေးပြည်သူ့ ဆေးရုံသို့ သယ်ဆောင်သွားပြီး ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ သင်္ဂြိုဟ်မယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

No Chair ပြောက်ကျားတပ်ဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း မကွေးမြို့ အောင်မေတ္တာရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ယောက်ကို သေနတ်နဲ့ ပစ်ခတ်ပြီး သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024