ဆီးရီးယားမှာ အစုလိုက် မြှုပ်နှံထားတဲ့ ကျင်းထဲ အလောင်း ၁၅ လောင်းတွေ့ရှိ

ဆီးရီးယားနိုင်ငံ အလဲ့ပိုမြို့ရဲ့ ရွာတရွာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ကျင်းကြီးကို ရိုက်ကူးထားတဲ့ ရုပ်သံ မှတ်တမ်းတခု အင်တာနက်ပေါ် ရောက်လာပါတယ်။ a2f85ad6450db3a671e4c3a9ကတ်တန် အယ်လ် ဂျာဘယ်ရွာမှာ ဇန်န၀ါရီ ၁၈ ရက်က ရိုက်ထားတာ ဆိုတဲ့ ရုပ်သံထဲမှာတော့ အလောင်း ၁၅ လောင်းကို ရွှံ့တွေနဲ့ ဖုံးထားတာ မြင်ရပါတယ်။ အယ်လ်ကေဒါ အကြမ်းဖက် အုပ်စုနဲ့ ချိတ်ဆက်ထားတဲ့ အီရတ်နိုင်ငံနဲ့ မြေထဲပင်လယ် အရှေ့ပိုင်း မွတ်စလင်နိုင်ငံ ထူထောင်ရေးအဖွဲ့ ISIL က သတ်တာလို့လည်း စွပ်စွဲထားပါတယ်။ လူမှုကွန်ယက် မီဒီယာပေါ်က ရတဲ့ ရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိပါဘူး။ အလဲ့ပိုမြို့မှာ လေကြောင်းတိုက်ခိုက်မှုအပြီး ဇန်န၀ါရီ ၁၈ ရက်နေ့က ရိုက်ကူးထားတာ ဆိုတဲ့ ရုပ်သံတွေကတော့ အင်တာနက်အပေါ် အများအပြား ရောက်လာပါတယ်။ ဇန်ဝါရီ ၁၇ ရက်နေ့ကစပြီး ဆီးရီးယား အနောက်မြောက်ပိုင်းက ISILတပ်တွေကို သူပုန်တွေက တိုက်ထုတ်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဇန်န၀ါရီလ တိုက်ခိုက်မှုတွေအတွင်း လူတထောင်ကျော် အသတ်ခံခဲ့ရပြီလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအတွက် ဆီးရီးယားကို လေ့လာမှုအဖွဲ့က ဆိုပါတယ်။ အလဲ့ပိုမြို့နားမှာတော့ အာဆတ်ရဲ့ တပ်တွေက ခြေကုပ်ပြန်ရနေပြီလို့ ဆိုပါတယ်။

//
More News
Up