ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူး တယောက် မြားနဲ့ အပစ်ခံရတာကြောင့် ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခုံကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ည ၇ နာရီကျော်လောက်က အမည်မသိအမျိုးသားတဦးက မြှားနဲ့ပစ်ခတ်ခဲ့တာကြောင့် ကွင်းကောက်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူက စစ်ကောင်စီကခန့်ထားတာ သိတဲ့အတိုင်းပေါ့၊ ဒလန်အကြီးစားပေါ့ဗျာ အဲ့လူကို မြှားတဲ့ပစ်သွားတာ ညပိုင်းဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ မသိလိုက်ဘူး။ အုပ်ချုပ်ရေးမှူးကတော့ မသေသွားဘူး ဆေးရုံမှာ။”
မြားနဲ့အပစ်ခံရတဲ့ခုံကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟာ ဆေးရုံတက်ရောက်နေရပေမယ့် စိုးရိမ်ရလောက်တဲ့ ဒဏ်ရာမျိုးတော့ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
ခုံကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မြားနဲ့အပစ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက ကျေးရွာထဲက လူငယ်အချို့ကို ခေါ်ယူစစ်ဆေး ခြိမ်းခြောက်ဆဲဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။