သပိတ်ကျင်းမြို့အနီး မြေငလျင်လှုပ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့အနားမှာ  ဒီဇင်ဘာ ၆ ရက် မနက်က  အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ  မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက  ထုတ်ပြန်ပါတယ်။

ဒီမနက် မြန်မာစံတော်ချိန် ၆ နာရီ၊ ၅၅ မိနစ်၊  ၃၈  စက္ကန့် အချိန်မှာ ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၄၀ လောက် ကွာဝေးတဲ့  မြန်မာပြည်တွင်း သပိတ်ကျင်းမြို့ရဲ့ အရှေ့မြောက်ဘက်  ၃၇ မိုင် လောက်အကွာ  အနက် ၉ ကီလိုမီတာကို ဗဟိုပြုပြီး  မြေငလျင်လှုပ်သွားတာလို့ဆိုပါတယ်။

ဂျာမန်သုတေသနနဲ့ ဘူမိသိပ္ပံဌာန ( GFZ) ကတော့  ဒီကနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီ ၂၅ မိနစ်လောက်က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၇ ရှိ မြေငလျင်လှုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo- မိုးဇလ

More News
Up