Home
မြန်မာသတင်း
လက်ထိပ်မနာ သွေးမထွက်တဲ့ ဆီးချိုတိုင်းကိရိယာ စတင်တီထွင်ထုတ်လုပ်နေ
DVB
·
December 3, 2021
259794765_10159432913837305_3850677763183801262_n

ဆီးချိုရောဂါ ဝေဒနာရှင်တွေအတွက် နေ့စဉ်နေ့တိုင်း လက်ထိပ်မှာ အပ်ချွန်နဲ့ထိုးစိုက်ပြီး သွေးထဲက သကြားပမာဏတိုင်းတာနေရတဲ့ နာကြင်မှုကိုလွတ်မြောက်စေနိုင်မယ့် နည်းပညာတခုကို UK အခြေစိုက် Afon Technology ကုမ္ပဏီက တီထွင်ထုတ်လုပ်နေပါတယ်။

အဲဒီကိရိယာဟာ အရေပြားကို ထိုးဖေါက်စရာမလိုအပ်ဘဲ ရှိရင်စွဲ စမတ်နာရီ ဖုန်း တက်ဘလက်တွေနဲ့ ချိတ်ဆက်ပြီး အချိန်နဲ့တပြေးညီ သကြားပမာဏာအတက်အကျကို စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။

ဒီကိရိယာကို လာမယ့် ၂၀၂၂ ခုနှစ်အတွင်းမှာ ထုတ်လုပ်ဖြန့်ချိနိုင်တော့မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ 

ဆီးချိုရောဂါ Type 1 ခံစားနေရသူတယောက်ဟာ သူ့ဘဝတလျောက်လုံးမှာ အကြိမ်ပေါင်း ၈၀,၀၀၀ လောက်ထိ လက်ချောင်းထိပ်ကို အပ်နဲ့ ထိုးဖေါက်ပြီး သွေးနမူနာ ထုတ်ယူတိုင်းထွာရလေ့ရှိပါတယ်။

အဲဒီလို စဉ်ဆက်မပြတ် သွေးဖေါက်ယူနေရတဲ့ လက်ချောင်းထိပ်တွေဟာ အချိန်ကြာမြင့်လာတာနဲ့ အမျှ လက်ချောင်းထိပ်က အာရုံခံစားမှုတွေ ဆုံးရှုံးလေ့ရှိတယ်လို့ ကုမ္ပဏီရဲ့ တွေ့ရှိချက်မှာ ဖေါ်ပြပါတယ်။ 

တကမ္ဘာလုံးမှာ ၂ မိနစ်တိုင်း လူတယောက်မဟုတ်တယောက် ဆီးချိုရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိနေရသလို ဆီးချိုရောဂါဟာ အမြင်အာရုံဆုံးရှုံး အားနည်းခြင်းရဲ့ အဓိက ပြဿနာအဖြစ်လည်း သတ်မှတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024