ဂျပန်က မြန်မာနိုင်ငံသားများကို Multiple- entry ဗီဇာ ခွင့်ပြုပေးမည်

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို ဗီဇာခွင့်ပြုချက် ဖြေလျော့ပေးတဲ့အနေနဲ့ မကြာမီ Multiple- entry ဗီဇာ အမျိုးအစားကိုပါ ခွင့်ပြုပေးတော့မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ JapanVisaဒီ Multiple- entry ဗီဇာ ရဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှာ သီးသန့် လျှောက်ထားရမှာ ဖြစ်ပြီး ဗီဇာရရှိသူဟာ ၁ ကြိမ်ကို ၁၅ ရက်နဲ့ ၃ နှစ်တာ ကာလအတွင်း ဂျပန်ကို အကြိမ်ကြိမ် ၀င်ထွက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒီလို Multiple- entry အပြန်အလှန်ပေးဖို့ နှစ်နိုင်ငံ သဘောတူထားပြီ ဖြစ်ပေမယ့် ဗီဇာရဖို့ ဘယ်လိုအရည်အချင်းနဲ့ ပြည့်မီရမယ်၊ ဘယ်လိုလူတွေ လျှောက်ထားနိုင်တယ်၊ ဘယ်အချိန်မှာ ဗီဇာ စ ထုတ်ပေးနိုင်မလဲ ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ရန်ကုန် ဂျပန်သံရုံး ဗီဇာဌာန တာဝန်ရှိသူတယောက်က ဖြေကြားပါတယ်။ လက်ရှိ ဂျပန်ကိုသွားတဲ့ မြန်မာနိုင်ငံသားတွေဟာ တကြိမ်အတွက် တကြိမ် ဗီဇာ လျှောက်ထားကြရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up