မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ PGF ပြောက်ကျားတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရတာတွေရှိတယ်လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ PGF က ထုတ်ပြန်ပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်း လက်ပံလှရွာနဲ့ ဘို့မယ်ကျေးရွာအနီး ယောချောင်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ယောက် သေဆုံးပြီးတော့ အများအပြားဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိုင့်ကျယ်ရွာနဲ့ လက်ပံလှ ရွာနားမှာလည်း ဒီကနေ့မနက်ပိုင်းက မိုင်းတစ်ကြိမ်ဆွဲ ပြီးတော့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးတဲ့သူ ရှိနိုင်ပေမယ့် အတိအကျ အတည်မပြုနိုင်သေးဘဲ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။
သက္ကယ်ကျင်းရွာနဲ့ ကျောက်အိုးကျေးရွာအနီးမှာလည်း နိုဝင်ဘာ ၂၉ ရက်နေ့က စစ်အုပ်စုကို PGF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၈ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်တာ မရှိသေးသလို့ DVB က ဆက်သွယ်လို့လည်း မရသေးပါဘူး။