ပါကစ္စတန်တွင် ယာဉ်တိုက်မှုဖြစ်၊ ကျောင်းသား ၂၀ အနည်းဆုံး သေဆုံး

ဒဏ်ရာရ ကျောင်းသားငယ်အချို့ကို ဆေးရုံပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
845
ပါကစ္စတန်တောင်ပိုင်းမှာ ကျောင်းကားတစီးကို ကုန်ကားတစီးက ဇန်န၀ါရီ ၁၅ ရက်နေ့မှာ တိုက်မိခဲ့လို့ အနည်းဆုံး ကျောင်းသားကလေး အယောက် ၂၀ သေဆုံးတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။
[caption id="attachment_50338" align="alignright" width="298"]
ဆင်းဒ်ခရိုင် နာယဘ်ရှားမြို့မှာ ဒီမတော်တဆမှု ဖြစ်ခဲ့ တာပါ။ ကျောင်းသားတွေဟာ အသက် ၁၀ နှစ်ကနေ ၁၆ နှစ်ကြား ကလေးတွေလို့ ဂေါင်သတင်းဌာနက အစီရင်ခံပါတယ်။
တိုက်မိချိန် ကျောင်းကားပေါ်မှာ ကလေးဘယ်လောက် ပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။