Home
မြန်မာသတင်း
မတ္တရာမြို့နယ် CDM သမဝါယမ ဒုဦးစီးမှူး ဖမ်းဆီးသတ်ဖြတ်ခံရ
DVB
·
November 30, 2021
CDM CB Officer U Ye Thu Naing
262666040_1591933194504771_2101067910210828349_n
262535349_1591933401171417_7703497816343219657_n

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သမဝါယမဦးစီးဌာနမှ CDM ဒုဦးစီးမှူး ဦးရဲသူနိုင်ဟာ စစ်ကောင်စီ တပ်တွေက ဖမ်းဆီး ခေါ်ဆောင်ခံရပြီးနောက် ၁၀ ရက်လောက်အကြာမှာ ရုပ်အလောင်း တွေ့ရှိခဲ့ရတယ်လို့ မတ္တရာမြို့ခံတွေဆီက သိရပါတယ်။

CDM ဝန်ထမ်း ဦးရဲသူနိုင်ဟာ မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းကြောင်း ကြားသိရပြီးနောက်  တိမ်းရှောင်နေရာမှ မတ္တရာမြို့ထဲကို နိုဝင်ဘာ ၁၉ ရက်နေ့ည ၉ နာရီလောက် လာရောက်စဉ် မတ္တရာမြို့လမ်းမကြီးပေါ်မှာ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်ဟာ  ဦးရဲသူနိုင်ကို လက်ပြန်ကြိုးတုပ်ပြီး သူ နေထိုင်ခဲ့တဲ့ တောင်ခြေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ တောင်ခြေမှာ ညအိပ်စခန်းချပြီး နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှာတော့  PDF တွေရဲ့ စခန်းလို့ ယူဆရတဲ့ တောင်ပေါ်နေရာတခုအား ဝင်ရောက်စီးနင်းခဲ့ပြီး တဲ‌တွေကိုသာ တွေ့ရတဲ့အတွက် ဖျက်ဆီးခဲ့ကြကြောင်း၊ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ တောင်ပေါ်ကနေ ပြန်ဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီလောက် တောင်ပေါ်ရှိ ဖျက်ဆီးခံထားရတဲ့ တဲပျက်တွေရဲ့ ဘေးမှာ CDM ဝန်ထမ်း ဦးရဲသူနိုင်ရဲ့ ပုပ်ပွနေပြီဖြစ်တဲ့ ရုပ်အလောင်းကို ဒေသခံတွေ တွေ့ ရှိခဲ့ကြတာလို့ သိရပါတယ်။

မတ္တရာမြို့နယ်မှာ မတ်လ ၂၇ နေ့ကနေ နိုဝင်ဘာ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၉ ဦးအထိ ရှိလာပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024