Home
မြန်မာသတင်း
မြင်းခြံမြို့နယ်တွင် Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ
DVB
·
November 28, 2021
261734757_1226400337853974_5503768199504090037_n

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကူကျေးရွာအနီးက Mytel တာဝါတိုင် နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၄ ခွဲဝန်းကျင်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါ Mytel တာဝါတိုင်ကို မြေလတ် PDF က လက်လုပ်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာလို့ မြင်းခြံ 27 အဖွဲ့၊ တာဝန်ခံက အတည်ပြုပြောပါတယ်။

မြင်းခြံ 27 အဖွဲ့နဲ့ မြေလတ် PDF တို့ဟာ မဟာမိတ်အဖွဲ့အဖြစ် စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ လက်တွဲတွန်းလှန်သွားမယ်လို့ ဆိုပါတယ်။

Justice for Myanmar ရဲ့ မှတ်တမ်းအရ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Pinnacle Asia ကုမ္ပဏီဟာ နိုင်ငံအဝှမ်းမှာ Mytel တာဝါတိုင် ၁၂၀၀၀ ခန့် စိုက်ထူခွင့်ရထားပြီး စစ်တပ်အာဏာသိမ်းပြီးနောက် Mytel ကုမ္ပဏီဟာ ၃ လအတွင်း ဒေါ်လာ ၂၄.၉ သန်း ထိခိုက်ဆုံးရှုံးပြီး သုံးစွဲသူဦးရေ ၂ သန်းနီးပါးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာရှိတဲ့ Mytel တာဝါတိုင် ၃၀၀ နီးပါး ဖျက်ဆီးခံထားရတယ်လို့ မှတ်တမ်းပြုစုထားတဲ့အဖွဲ့ဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024