မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာအုပ်စု ဝယ်ရတ်ဘုန်းကြီးကျောင်းမှာ နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီခွဲ လောက်က မီးလောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးစတင် လောင်ကျွမ်းတာနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးသတ်ရေယာဉ်၊ အကူရေသယ်ယာဉ်တွေ နဲ့အတူ ဒေသခံတွေကပါ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် ၁ နာရီလောက်အကြာမှာ မီးငြိမ်းခဲ့တယ်လို့ ပြောပါတယ်။
ဘုန်းကြီးကျောင်းသာ မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ရတဲ့အကြောင်းအရင်း မသိရသေးပါဘူး။ လူနေ အိမ်တွေနဲ့ အလှမ်းဝေးတာကြောင့် မီး မကူးစက်ခဲ့ဘဲ ထိခိုက်ဒဏ်ရာရ သေဆုံးသူ မရှိဘူးလို့ သိရ ပါတယ်။