Home
မြန်မာသတင်း
မြစ်ကြီးနားတွင် လူငယ် ၂ ဦး ဖမ်းဆီးခံရ
DVB
·
November 27, 2021
260411667_2994124570915481_6192197032508083988_n

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နို၀င်ဘာ ၂၅ ရက် ညနေ ၅ နာရီလောက်က  စီတာပူမနက်ဈေးနားရှိ နေအိမ်တအိမ်က လူငယ်နှစ်ယောက်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံကပြောပါတယ်။

မြစ်ကြီးနား မြို့ခံတယောက်က "သူတို့က အိမ်ငှားပြီးနေကြတာပါ။ ဒလန်တွေက လက်ပစ်ဗုံးလုပ်တယ်ဆိုပြီး မတရားတိုင်ကြားလိုက်လို့ ခုလိုဖမ်းဆီးခံရတာပါ။ ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ယောက်က အဲ့ဒီအိမ်မှာနေတာလည်းမဟုတ်ဘူး၊ ခဏလာလည်တဲ့ လူငယ်တွေပါ။ အိမ်ငှားနေတဲ့ လူငယ်တွေက ထွက်ပြေးလွတ်မြောက်သွားတယ်။ စစ်ကောင်စီတပ်သားတွေက အရပ်၀တ်၊ အိမ်စီးကားတွေနဲ့လာတယ်။ အင်အားက ၂၀ လောက်နဲ့ ဝိုင်းဖမ်းသွားကြတယ်။ "ဆိုပါတယ်။

ဖမ်းဆီးခံလူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်က  ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရသေးပါဘူး။

ထွက်ပြေးလွတ်မြောက်သွားတဲ့လူငယ်ရဲ့ သူငယ်ချင်းက “ကွန်ပျူတာပစ္စည်းတွေ အကုန်ယူသွားတယ်။ ပြီးတော့ တခြားပစ္စည်းတချို့ကိုလည်း စစ်ကောင်စီတပ်သားတွေက ယူသွားတယ်" လို့ ပြောပါတယ်။

ဝိုင်းမော်မြို့မှာလည်း နို၀င်ဘာ ၂၄ ရက်က လူငယ်တချို့ ဖမ်းဆီးခံရပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့  အတင်းအပ်နှံခံခဲ့ရတယ်လို့ သိရပါတယ်။ 

မြစ်ကြီးနားမြို့မှာ နို၀င်ဘာလအတွင်း စစ်ကောင်စီတပ်တွေ မြို့ဧရိယာနေရာအနှံ့အပြား ကင်းပုန်းတွေ တိုးချဲ့ချထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024