ဘာဘေးဒိုးစ်ကျွန်းနိုင်ငံကို သမ္မတနိုင်ငံအဖြစ် ကြေညာပွဲ ချားလ်စ်မင်းသား တက်မည်

ကယ်ရစ်ဘီယံပင်လယ်ထဲက ဘာဘေးဒိုးစ်ကျွန်းနိုင်ငံရဲ့ အကြီးအကဲအဖြစ်ကနေ အဲလိဇဘက် ဘုရင်မကြီးကို ဖယ်ရှားပြီး သမ္မတနိုင်ငံအဖြစ် ပြောင်းလဲတဲ့ အခမ်းအနားကို အသက် ၇၃ နှစ်အရွယ် ဗြိတိန်နန်းလျာ ချားလ်စ်မင်းသား တက်ရောက်မယ်လို့ နိုဝင်ဘာ ၂၄ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

၁၉၆၆ ခုနှစ်က  လွတ်လပ်ရေးရခဲ့တဲ့ ဗြိတိန်ကိုလိုနီဟောင်း ဘာဘေဒိုးစ်နိုင်ငံဟာ ချားလ်စ် မင်းသားရဲ့ မိခင် ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ကို နိုင်ငံ့ခေါင်းဆောင် အ​ဖြစ်ကနေ ဖယ်ရှားပြီး သမ္မတနိုင်ငံ ဖြစ်လာချင်ခဲ့တာပါ။ 

ဘရေ့ချ်တောင်းမြို့ အမျိုးသားသူရဲကောင်းများ ရင်ပြင်မှာ နိုဝင်ဘာ ၂၉ ရက်နေ့ ကျင်းပမယ့် အခမ်းအနားမှာ ဘာဘေဒိုးစ်သမ္မတနိုင်ငံအဖြစ် ကြေညာမှာပါ။

ဘာဘေဒိုးစ်နိုင်ငံဟာ ဘုရင်မကြီး အဲလိဇဘက်နေရာကို အစားထိုးဝင်ရောက်ဖို့ နိုင်ငံတော် အကြီးအကဲအဖြစ် သမ္မတကို အရင်လက ရွေးကောက်ခဲ့ပါတယ်။

စန်ဒရာမာဆန်ဟာ ဘာဘေဒိုးစ် နိုင်ငံရဲ့ ၅၅ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၃၀ မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up