Home
မြန်မာသတင်း
ရွှေကူမြို့နယ်အတွင်း တရားမဝင် ရွှေဖောင်အချို့ လက်နက်ကြီးဖြင့် ပစ်ခံရ
DVB
·
November 26, 2021
260786942_3097225907271816_3854039438781378620_n

ကချင်ပြည်နယ် ရွှေကူမြို့နယ်က ငဘတ်ဝကျေးရွာအနီး ဧရာဝတီမြစ်အတွင်း တရားမဝင် တူးဖော်လုပ်ကိုင်နေတဲ့ ရွှေဖောင်တချို့ နိုဝင်ဘာ ၂၄ ရက် ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရ တယ်လို့ သိရပါတယ်။

တရားမဝင် ရွှေတူးဖော်နေတဲ့ ရွှေဖောင်အစီး ၂၀၀ လောက် ည ၉ နာရီလောက်မှာ  လက်နက်ကြီးနဲ့ ခြောက်ချက် အပစ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ရွှေဖောင်တွေက စက်တင်ဘာလလောက်ကစပြီး တူးနေတာ။ နိုဝင်ဘာလလောက်ကစပြီး နေ့ ကော ညကော တောက်လျှောက်တူးနေတာ။ ညကတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ၆ ချက်လောက်ရှိတယ်။ ဘယ်သူ လှမ်းပစ်လည်း ဆိုတာကတော့ မသိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေဖောင်တွေကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်တာနဲ့ ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံကပြောပါတယ်။

ရွှေကူမြို့နယ်က ဧရာဝတီမြစ်အတွင်းမှာ စက်တင်ဘာလကစပြီး တရားမဝင် ရွှေတူးဖော်နေတဲ့ အတွက် မြစ်ကြောင်းပြောင်းလဲကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကချင်ပြည်နယ်က ဧရာဝတီ မြစ်တလျှောက်မှာ ဒေသခံတွေ တနိုင်တပိုင် ရွှေတူးဖော်တာတွေနဲ့ ရွှေတူးမော်တော် စက်ကြီးတွေနဲ့ တရားမဝင် ရွှေတူးဖော်တာတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024