Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးတွင် အသက်ပေးခဲ့ကြသည့် အာဇာနည် သူရဲကောင်းအမျိုးသမီးများကို ဂုဏ်ပြု
DVB
·
November 25, 2021
258781009_5237089619652720_3930078706505767895_n
256634055_5237088926319456_4237795277653111547_n
254595474_5237089552986060_5255919836672653177_n
258874611_5237088952986120_8567148497212762824_n
258870313_5237089496319399_1155544680662972254_n
258835596_5237088842986131_4653033554361402217_n

နွေဦးတော်လှန်ရေးမှာ မိမိအသက်ကို ပဓနာ မထားဘဲ အသက်ပေးခဲ့ကြတဲ့ အာဇာနည် သူရဲကောင်း အမျိုးသမီးတွေကို လေးစားအသိမှတ်ပြုတဲ့အနေနဲ့  ဒီနေ့စတင်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှုမှာ သူတို့ရဲ့  တော်လှန်ရေးပါဝင်မှုတွေကို  သမိုင်းမှတ်တမ်းတင်လိုက်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က သတင်းထုတ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ နိုဝင်ဘာ ၂၅ ရက်နေ့အထိ  တော်လှန်ရေးကာလအတွင်း ကျဆုံးသွားတဲ့  အမျိုးသမီးတွေနဲ့ တခြားလိင်စိတ်ခံယူထားသူတွေ အယောက်  ၁၀၀ ကျော် ရှိသွားပြီ လို့လည်းဆိုပါတယ်။ 

နွေဦးတော်လှန်ရေးကာလအတွင်း အကျဉ်းထောင်တွေအသီးသီးမှာလည်း အမျိုးသမီးတွေအပါအဝင် ပြည်သူ ၁၀,၄၅၂ ယောက် ဖမ်းဆီးခံခဲ့ရပြီး  အယောက် ၇,၅၃၀ ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲပဲလို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  (အေအေပီပီ) စာရင်းအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024