Home
မြန်မာသတင်း
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၈၄ ဦး ဖမ်းဆီးခံရ
DVB
·
November 25, 2021
258853194_606854827288852_2945931332914897009_n
257604766_6733029406737595_4120450664433881957_n
260165821_432605434929181_7466081386864005989_n
259624868_668338017660491_6168290107417212227_n

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ ဖုတ်ဖရမြို့နယ်စပ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၈၄ ယောက်ကို  နိုဝင်ဘာလ ၂၄ ရက် ည ၁၁ နာရီခွဲမှာ ထိုင်းအာဏာပိုင်တွေက  ဖမ်းဆီးလိုက်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မြဝတီမြို့တောင်ဘက် ကျောက်ခက်ရွာအနီးကနေ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်သွားပြီး  နယ်စပ်နဲ့  ၂ ကီလိုအကွာဝေးလောက်မှာ ထိုင်း စစ်တပ်၊ နယ်မြေလုံခြုံရေးတပ်တွေနဲ့ ဌာနဆိုင်ရာအဖွဲ့စုံ ပူးပေါင်းဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား ၁၁၁ ယောက်နဲ့ အမျိုးသမီး ၇၃ ယောက် စုစုပေါင်း  ၁၈၄ ယောက်ကို ထိုင်းကျန်းမာရေးဌာနက ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးပေးထားပါတယ်။

ဒီနောက် ထိုင်းနိုင်ငံကို တရားဝင် အထောက်အထား စာရွက်စာတန်းမပါရှိဘဲ ဝင်ရောက်လာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်းအရေးယူနိုင်နိုင်ဖို့ ဖုတ်ဖရမြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။

မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စီးပွားရေးကျဆင်း အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာရွေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲမှာ အလုပ်သွားလုပ်ဖို့  နည်းလမ်းပေါင်းစုံနဲ့  နယ်စပ်ဖြတ်ကျော်ဖို့ဝင်ရောက်နေကြတာမှာ နေ့စဉ်ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024