မွန်ပြည်နယ် ရေးမြို့ အောင်မေတ္တာရပ်ကွက်က မူလတန်းကျောင်းအနီးမှာ နိုဝင်ဘာ ၂၄ ရက်နေ့ညနေ ၃ နာရီဝန်းကျင်က လက်လုပ်ဗုံးတစ်လုံး တွေ့ခဲ့ရပြီး စစ်ကောင်စီတပ်တွေက လာရောက်ဖောက်ခွဲသွားတယ်လို့ သိရပါတယ်။
"ဗုံးကိုတွေ့တော့ မပေါက်ကွဲသေးဘူး၊ စစ်သားတွေက သတင်းရတော့ လာဖောက်ခွဲသွားတာ၊ ထိခိုက်တာမျိုးမရှိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရေးမြို့ အစင်စံပြကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးဖြစ်တဲ့ ဦးတင်ငြိမ်းနေအိမ်မှာလည်း နိုဝင်ဘာ ၂၄ ရက်နေ့ည ၇ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်အနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
ဦးတင်ငြိမ်းဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့အပြင် ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။