ရေးမြို့နယ်တွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာနဲ့  အောင်သာယာကျေးရွာအကြားမှာ နို၀င်ဘာ ၂၄ ရက် ဒီ ညနေ ၃ နာရီ မိနစ် ၄၀ လောက်က  Black Lighting PDF တပ်နဲ့ စစ်ကောင်စီတပ်တို့  ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၄ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိပြီးနောက် နယ်မြေခံ ၁၀၆ တပ်ရင်းက  ကနင်ကမော့ ကျေးရွာဘက်သို့ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ ရန်ကုန် -မော်လမြိုင်-ရေး -ထားဝယ် လမ်းရှိ ခရီးသွားကားတွေ လမ်းမှာ ပိတ်ဆို့ရပ်တန့်နေရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ 

ရေး-သံဖြူဇရပ်ကားလမ်းမှာ ပစ်ခတ်မှုတွေရဲ့  အခြေနေကို ရေး PDF နဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up