DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ခရိုင်တွင် တရားမဝင် ဝင်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၅ ဦး ဖမ်းဆီးခံရ
DVB
·
November 23, 2021
ချင်းမိုင်ခရိုင်တွင် တရားမဝင် ဝင်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၅ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖှန်မြို့နယ်ထဲမှာ ရွှေ့ပြောင်းအလုပ်သမား  တယောက်က လမ်းပြအဖြစ်ခေါ်ဆောင်လာတဲ့ တရားမဝင် မြန်မာ ၄၅ ယောက် ဖမ်းဆီးခံရတယ်လို့ Channel 7  ထိုင်းရုပ်သံ သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ်တာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၂၃ ရက် ဒီမနက် ၅ နာရီလောက်က ဖန်မြို့နယ် မဲ့ငွန်းကျေးရွာအုပ်စု၊ ဝမ့်ထမ့်ကျေးရွာအနီးမှာ လုံခြုံရေးယူနေစဉ် နယ်စပ်တောအုပ်ဘက်ကနေ လမ်းလျှောက်ပြီး ဝင်ရောက်လာသူတစုကို တွေ့ရကြောင်း၊ ခေါ်ယူစစ်ဆေးရာမှာ သူတို့အားလုံး ၄၅ ယောက် (ကျား ၂၃၊ မ ၂၂) ရှိပြီး ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ဘက်က လာတာလို့ ဆိုပါတယ်။ 

သူတို့ဟာ ဘန်ကောက်မှာအလုပ်သွားလုပ်ဖို့အတွက် ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၂၃၀၀၀ ထိပေးပြီး ဝင်လာကြောင်း၊ အဲဒီထဲက စိုင်းဆွမ်း (၂၅ နှစ်) ဆိုသူမှာ အလုပ်သမား မှတ်ပုံတင်ကတ်ရှိပြီး  ချင်းမိုင်မြို့ နောင်ဟွယ်ရပ်ကွက်မှာ အလုပ်လုပ်နေကာ လမ်းပြအဖြစ် သူတို့ကို ခေါ်ဆောင်လာတာ ဆိုပါတယ်။ 

တာဝန်ရှိသူမှ အားလုံးကို ကိုယ်အပူချိန်တိုင်းပြီး လဝက ဥပဒေအရအရေးယူဖို့ ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ‘

ကိုးကား- CH7

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013