Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ်တို့ တစ်ရက်တည်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွား
DVB
·
November 23, 2021
260300725_210505197897078_3033872209683198254_n
259640669_210505071230424_7395359907790782910_n
260402781_210505151230416_2244783712025767332_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁)၊ မုံးကိုးဒေသအတွင်းကို ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တွေကြား တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားနေပြီး နိုဝင်ဘာ ၂၂ ရက် တစ်ရက်တည်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ခဲ့တယ်လို့ ကိုးကန့်သတင်းက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာ လေယာဉ်ပစ်လက်နက်အပြင် လက်နက်ကြီးတွေ အမြောက်အမြား ပစ်ခတ်အသုံးပြုခဲ့‌တယ်လို့ ဆိုပါတယ်။

ဇူလိုင်လဆန်းကစတင်ကာ မုံးကိုးဒေသအတွင်းက MNDAA တပ်စခန်းတွေကို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေက တင့်ကားနဲ့ လက်နက်ကြီးပစ်ကူသုံးပြီး ကြည်းတပ်အင်အားအလုံးနဲ့ ၅ လနီးပါး ထိုးစစ်တွေဆင်နေပေမယ့် လက်ရှိအချိန်ထိ မုံးကိုးနယ်ကို ထိန်းချုပ်နိုင်တာမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ၂၀ နီးပါး ထိခိုက်သေဆုံးပြီး MNDAA တပ်သား ၃ ဦးဒဏ်ရာရပြီး ၁ ဦး  ကျဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် အရာရှိစစ်သည်အများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတချို့ရဲ့ ရုပ်အလောင်းကို MNDAA ကိုးကန့်တပ်က သင်္ဂြိုဟ်ပေးရတာ‌တွေ ရှိ‌သလို စစ်သုံးပစ္စည်းနဲ့ လက်နက်ခဲယမ်းတွေကို စဉ်ဆက်မပျက် သိမ်းဆည်းရမိနေပါတယ်။

ထိုးစစ်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက စစ်ရေးလမ်းကြောင်းပေါ်က ကျေးရွာတွေအတွင်း ကျရောက် ပေါက်ကွဲကာ ဒေသခံအရပ်သားပြည်သူတွေရဲ့ လူနေအိမ်တွေ ပျက်စီးတာ၊ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုး ဖောင်းဆိုင်ဒေသက တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024