Saturday, June 3, 2023
HomeLead Storyဘုတလင်မြို့နယ် ကင်းစမ်းကျေးရွာက မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရ

ဘုတလင်မြို့နယ် ကင်းစမ်းကျေးရွာက မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကင်းစမ်းကျေးရွာ အရှေ့ပိုင်းက မိုင်တဲလ် ဆက်သွယ်ရေးတာဝါတိုင် နိုဝင်ဘာ ၂၂ ရက်နေည ၉ နာရီခွဲအချိန်လောက်က ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘုတလင် ပြည်သူကာကွယ်ရေးတပ် (BPDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူက  “ကျနော်တို့ စစ်ကောင်စီထောက်တိုင်မှန်သမျှကို ဘုတလင်မြို့နယ်အတွင်း လုံဝမရှိစေရဘူး။ စစ်ကောင်စီရဲ့ ထုတ်ကုန်မှန်သမျှ အကုန်ဖျက်ဆီးသွားမယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို မကြိုက်လို့ အခုလို ဖျက်ဆီးနေတာ” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ မိုင်တဲတာဝါတိုင်ဖျက်ဆီးခံရတာ လက်ရှိတိုင်အပါအဝင် ၁၀ တိုင်နဲ့အထက်မှာရှိနေပြီလို့ ဒေခံတွေက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular