Home
မြန်မာသတင်း
မုံရွာ အမှတ် ၂ ရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရ
DVB
·
November 23, 2021
260154085_574283503647845_9208722197582676626_n

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အေးရိပ်သာလမ်းပေါ်ရှိ အမှတ်(၂)ရဲစခန်းကို နိုဝင်ဘာ ၂၃ ရက် ဒီမနက် ၅ နာရီဝန်းကျင်လောက်က  လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရတယ်လို့ ရဲစခန်းအနီး နေထိုင်သူတွေထံက သိရပါတယ်။

“မနက်ခင်းအစောကြီး အသံအကျယ်ကြီးကြားလိုက်တယ်။ စခန်းအတွင်းကနေ ဆူညံသံ တွေကတော့ ကြားရတယ်။ အပြင်တော့ ထွက်မကြည့်ရဲဘူး။ သူတို့နှစ်ဘက်ပစ်ခတ်တဲ့ ကြားထဲ ကိုယ်မှန်သွားမှာလည်း စိုးရိမ်ရလို့ ထွက်မကြည့်လိုက်ဘူး။ ပေါက်ကွဲတာတော့ အမှတ် ၂ ရဲစခန်းထဲက ဖြစ်တာ သေချာတယ်ရှင့်။ ဘာတွေထိခိုက်လို့၊ ဘာတွေဖြစ်မယ်လို့ အတိကျမသိဘူး”လို့ အမှတ် ၂ စခန်းအနီးနေထိုင်တဲ့ အမျိုးသမီးက ပြောပါတယ်။

အဆိုပါ မုံရွာမြို့အမှတ် ၂ ရဲစခန်းကို အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစု NPRF က ဒီကနေ့ မနက် ၅ နာရီလောက်မှာ  လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ဗုံးပစ် တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ ထိခိုက်ဒဏ်ရာတာရှိနိုင်ပေမဲ့ ထိခိုက်ကျဆုံးမှုစာရင်းအတိအကျကို မသိရခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024