Home
သတင်းတို
လေးပွင့်ဆိုင်ဆွေးနွေးရေး ဆက်ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော (ဓာတ်ပုံ)
DVB
·
January 14, 2014
1521271_645314475507056_2101703079_n
1511188_645314478840389_457971398_n
1506941_645314468840390_2102204393_n
1013397_645314625507041_236579722_n
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြည်ထောင်စုလွှတ်တော် နားချိန် မီဒီယာတွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အဆင်ပြေချောမွေ့စေဖို့ သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲနှစ် နိုဝင်ဘာလကတည်းက ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံမှာ ပါတီ ၅၈ ပါတီ ရှိတဲ့အနက် ပါတီတခုတည်းရဲ့ ခေါင်းဆောင်နဲ့ တွေ့ရင်မသင့်တော်တဲ့အကြောင်း၊ လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ သုံးသပ်နေတဲ့အချိန်မှာ ပြည်ထောင်စုလွှတ်တော်ကို ကျော်ပြီး မလုပ်သင့်သလို လွှတ်တော်ကော်မတီရဲ့ အစီရင်ခံစာ တင်ပြီးတဲ့အချိန်အထိ စောင့်သင့်ကြောင်း တုံ့ပြန် ပြောကြားထားပါတယ်။ [gallery ids="50208,50209,50210,50211"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024