Home
မြန်မာသတင်း
ခင်ဦးမြို့နယ်တွင် ရွာသား ၁ ဦးကို စစ်တပ်က နှိပ်စက်ပစ်သတ်
DVB
·
November 22, 2021
259880586_126693836451697_6348191137672863593_n
259880586_126693836451697_6348191137672863593_n

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သဲကုန်းကြီးကျေးရွာမှာ စစ်တပ်က နှိပ်စက်ပြီး ပစ်သတ်လို့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့ အမျိုးသားတယောက်ရဲ့  ရုပ်အလောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ရွာသားတွေက တွေ့ရှိခဲ့ပါတယ်။

သဲကုန်းကြီးကျေးရွာမှာ နိုဝင်ဘာ ၁၈ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်တပ်စွဲလို့ ရွာသူရွာသားအားလုံး ထွက်ပြေးကြရတာဖြစ်ပြီး ဒီနေ့မှာ စစ်တပ်ပြန်ထွက်သွားလို့ ရွာသူရွာသားတွေ ပြန်ဝင်စဉ် ပုပ်ပွနေတဲ့ရွာသားရဲ့ ရုပ်အလောင်းကို  တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရွာသားတဦးက “စစ်တပ်က ရွာကို တပ်စွဲလာလို့ ထွက်ပြေးခဲ့တာ၊ အခုသူတို့ထွက်သွားလို့ ပြန်ဝင်လာတာရွာထဲမှာပဲ  ပုပ်ပွနေတဲ့ ကျနော်တို့ရွာသားတစ်ဦး ရဲ့ရုပ်အလောင်း ကို တွေ့လိုက်ရတယ်၊ သေနတ်ဒဏ်ရာ၊ ချေကျင်းဝတ်အထက် ဓားနဲ့ဖြတ်ခံထားရတဲ့ဒဏ်ရာတွေနဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့  နေ့လယ်မှာ   ကောင်းကောင်းမွန်မွန် မီးသင်္ဂြိုဟ်ပေး လိုက်တယ်”လို့ လို့ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး နှိပ်စက် ပစ်သတ်ခံရသူမှာ အသက် ၄၃ နှစ်အရွယ် ကိုမောင်မောင်ထွေးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024