Saturday, June 10, 2023
HomeLead StoryDSA သင်တန်းဆင်းပွဲနီးလာချိန် ပြင်ဦးလွင်၌ စစ်တပ်က လုံခြုံရေး တိုးမြှင့်ချထား

DSA သင်တန်းဆင်းပွဲနီးလာချိန် ပြင်ဦးလွင်၌ စစ်တပ်က လုံခြုံရေး တိုးမြှင့်ချထား

စစ်သင်တန်းကျောင်းတွေရှိတဲ့  မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ နိုဝင်ဘာ ၂၀ ရက်လောက်ကစပြီး မြို့ရဲ့  နေရာ တော်တော်များများမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာရှိတဲ့ မြို့တွင်းမြို့ပြင် နေရာအနှံ့မှာ ကင်းပုန်းတွေချထားပြီး လမ်းဆုံ လမ်းခွတွေမှာလည်း  စစ်ဆေးတာတွေ ရှိတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၁  ရက်ညကလည်း အနီးစခန်း ရွှေဘိုစုက အပြစ်မဲ့ လူငယ်တစ်ယောက်ကို စစ်တပ်က အကြောင်းပြချက်မရှိဘဲ  ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ လာမယ့်လ  DSA ဗိုလ်လောင်းသင်တန်းဆင်းပွဲရှိလို့ အခုလိုမျိုး လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular